ဟောလိဝုဒ်မင်းသမီး ဒယ်မီမိုး နေအိမ်ရေကူးကန် တွင်သေဆုံးနေ သည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ဟောလိဝုဒ်မင်းသမီး ဒယ်မီမိုး နေအိမ်ရေကူးကန် တွင်သေဆုံးနေ သည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

ဟောလိဝုဒ်မင်းသမီး ဒယ်မီမိုး၏ နေအိမ်ရေကူးကန်အတွင်း သေဆုံးနေသော အသက် ၂၁ နှစ် အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း ကိုတွေ့ရှိခဲ့ကြောင်း ဒယ်မီမိုး၏ ပြောရေးဆိုခွင့်ရှိသူနှင့် ရဲတပ်ဖွဲ့တို့က ဇူလိုင် ၂၀ ရက်တွင် ပြောကြားသည်။

“ကျွန်မ အရမ်းကို တုန်လှုပ်မိပါတယ်။ ကျွန်မ သမီးတွေကို မွေးနေ့ပွဲတစ်ခုမှာ သွားတွေ့ဖို့ အမေရိကန်ကနေ ကျွန်မ ထွက်သွား တဲ့အချိန်မှာပဲ ဒီသတင်းကို ကြားသိခဲ့ရပါတယ်။ ဒီကောင်လေး ပျောက်ဆုံးတာဟာ မတွေးဝံ့စရာ ဝမ်းနည်းကြေကွဲမှု တစ်ခုဖြစ်ပါ တယ်။ ကျွန်မလည်း ဒီလူငယ်လေးရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်”ဟု ဒယ်မီမိုးကပြော ကြားသည်။

အဆိုပါအမျိုးသား သည်ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၉ ရက်နံနက်က လော့စ် အိန်ဂျလိစ်မြို့ရှိ ဒယ်မီမိုး၏နေအိမ်ရေ ကူးကန်၏ရေနက်ပိုင်းတွင် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိ၏ပြောကြား ချက်ကို ကိုးကား၍ Los Angeles Times သတင်းစာက ဖော်ပြထားသည်။

သေဆုံးသူ အမျိုးသားသည် ရေမကူးတတ်ကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်း များက  အာဏာပိုင်များကိုပြောကြား သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်တွင် ဒယ်မီမိုးသည် နေအိမ်၌ ရှိနေခဲ့ခြင်း မရှိကြောင်းနှင့် သေဆုံးသူ အမျိုးသားသည် ဝန်ထမ်း တစ်ဦးဖြစ်နိုင်ဖွယ်ရှိကြောင်း လော့စ် အိန်ဂျလိစ်မြို့ ရဲတပ်ဖွဲ့ တပ်ကြပ်ကြီး အေဘိုနီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly