နာမည်ကျော် ပေါ့ပ်စတားဖြစ်သူ George Michael အသက် ၅၃ နှစ်အရွယ်၌ ကွယ်လွန်

နာမည်ကျော် ပေါ့ပ်စတားဖြစ်သူ George Michael အသက် ၅၃ နှစ်အရွယ်၌ ကွယ်လွန်

နာမည်ကျော်ပေါ့ပ်အဆိုတော် George Michael ဟာ အသက် ၅၃နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူ၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူက ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၉၈၀ ခုနှစ်များတုန်းက နာမည်ကျော်ဂီတအဖွဲ့ Wham! နှင့်အတူ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ စူပါ စတားအဆိုတော် George Michael ဟာ တစ်ကိုယ်တော် အဆိုတော်အနေနှင့်လည်း   အောင်မြင်မှုများ အလီလီရယူနိုင်ခဲ့သူ ဖြစ်ပါသည်။ သူဟာ အောက်စ်ဖို့ဒ်ရှိုင်းယားကောင်တီ ဂိုးရင်းကျေးလက်ဒေသရှိသူ၏နေအိမ်၌ကွယ်လွန်ခဲ့ကြောင်း သိရပါသည်။

Thames Valley ဒေသခံရဲများကတော့သူတို့ဟာ အဆိုပါသေဆုံးမှုကိုရှင်းပြ၍မရနိုင်သောသေဆုံးမှုတစ်ခုအဖြစ် မှတ်ယူထားပေမယ့် သံသယရှိစရာ အခြေအနေများကိုတော့ မတွေ့ခဲ့ရဘူးလို့   ပြောခဲ့ပါသည်။

သူ၏ဂီတအဖွဲ့ဟောင်း Wham! ရဲ့တစ်ဝိုင်းတည်းသားဖြစ်သူ Andrew Ridgeley က သူဟာ သူ၏အချစ်ဆုံးသူ ငယ်ချင်းဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့အတွက် ၀မ်းနည်းပက်လက်ဖြစ်ရပါတယ်လို့   ပြောခဲ့ပါသည်။

Michael ရဲ့ပြန်ကြားရေး တာဝန်ခံဖြစ်သူကတော့ ထုတ်ပြန်ချက်ထဲတွင် “ကျနော်တို့ရဲ့ချစ်လှစွာသော သားတစ် ယောက်ဖြစ်သူ၊ ညီအစ်ကိုတစ်ယောက်ဖြစ်သူ၊ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်သူ   ဖြစ်တဲ့ George ဟာ ခရစ္စမတ်အချိန်အခါ သမယမှာပဲသူ၏ နေအိမ်၌ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုပြောကြားရခြင်းအပေါ် အလွန်ကို စိတ်မကောင်းဝမ်းနည်းမှုဖြစ်ရပါတယ်” လို့ ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly