ရုပ်ရှင်မင်းသားကြီး အဲလက်စ်ရော့ကို စနေနေ့က ကွယ်လွန်

ရုပ်ရှင်မင်းသားကြီး အဲလက်စ်ရော့ကို စနေနေ့က ကွယ်လွန်

“The Godfather” မှှုခင်းဒရာမာ ဇာတ်ကားထဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အမေရိကန် ရုပ်ရှင်မင်းသားကြီး အဲလက်စ်ရော့ကို မှာ ဇူလိုင် ၁၈ ရက်က ကွယ်လွန်သွားပြီ ဖြစ်သည်။

သူ ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်ကာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

သူသည် The Godfather ထဲတွင် လောင်းကစားရုံ သူဌေးကြီး Moe Greene အဖြစ် သရုပ်ဆောင်ခဲ့သည်။  

သူသည် သရုပ်ဆောင်လောကတွင် ရာစုနှစ်ဝက်ခန့် ကျင်လည်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ် များက ခေတ်စားခဲ့သော ရုပ်သံ ဇာတ်လမ်းတွဲ The Famous Teddy Z ဖြင့် အမ်မီ (Emmy) ဆုကို ဆွတ်ခူးရရှိခဲ့သည်။

မင်းသားကြီး အဲလက်(စ်)ရော့ကိုသည် Studio City ရှိ သူ၏ နေအိမ်တွင် စနေနေ့ မွန်းလွဲပိုင်း က ကွယ်လွန်သွား ခဲ့ခြင်းဖြစ်ကြောင်း သူ၏ မိသားစုက သတင်းထုတ်ပြန်ခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly