Liam Hemsworth ၏ မိသားစုနှင့်အတူ ခရစ္စမတ်အခါသမယကို အတူဖြတ်သန်းခဲ့သည့် Miley Cyrus

Liam Hemsworth ၏ မိသားစုနှင့်အတူ ခရစ္စမတ်အခါသမယကို အတူဖြတ်သန်းခဲ့သည့် Miley Cyrus

Miley Cyrus နှင့် သူမနှင့်စေ့စပ်ထားသော မင်းသားချော Liam Hemsworth တို့ဟာ ယခုနှစ်ခရစ္စမတ် အားလပ်ရက်အတွင်းမှာ ပျော်ပွဲရွှင်ပွဲအလုပ်ဆုံး အနုပညာရှင်စုံတွဲဖြစ်နေပါသည်။

သူတို့နှစ်ဦးဟာခရစ္စမတ်ပွဲတော်ကို Miley Cyrus ရဲ့မိသားစုနဲ့အတူ စောစီးစွာကျင်းပခဲ့ကြပြီး ပြီးခဲ့သော သောကြာနေ့တုန်းကလည်း Liam ရဲ့အကို Thor မင်းသား Chris Hemsworth တို့ဇနီးမောင်နှံနှင့်အတူ ခရစ္စမတ်ပွဲတော်ကိုကျင်းပခဲ့ကြပါသည်။ ယခုအပတ်အစောပိုင်းတုန်းကလည်း သူတို့စုံတွဲဟာ Miley ရဲ့ မိဘများဖြစ်တဲ့ Billy Ray Cyrus နှင့် Tish Cyrus တို့နဲ့အတူပျော်ရွှင်စွာကျင်းပခဲ့ကြပါသည်။

Liam ဟာ သူနှင့် Miley တို့အတူ အနီရောင်နှင့် အစိမ်းရောင်ရှိသော ရယ်စရာခရစ္စမတ်ဆွယ်တာဆင်တူ ကိုဝတ်ဆင်ပြီးရိုက်ထားသော ဆယ်ဖီဓာတ်ပုံကိုသူ၏ အင်စတာဂရမ်ပေါ်သို့ တင်ခဲ့ပါသည်။ ထိုပုံထဲတွင် Miley ဟာ မီးလင်းသောအနီရောင်နှင့် အစိမ်းရောင်ဖဲကြိုးလေးကို သူမ၏ ဆံပင်ပေါ်မှာ တပ်ဆင်ထားပြီး မီးရောင်စုံဆွဲကြိုးလေးကိုလည်း ဆင်မြန်းထားတာကို တွေ့ရမှာဖြစ်ပါသည်။

ထိုဓာတ်ပုံကို မင်းသား Liam က ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ယေရှုခရစ်တော် ဟူသောစာသားနှင့်အတူ အင်စတာဂရမ်တွင် တင်ခဲ့ပါသည်။

Ref: Enews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly