ရေရှည်လက်တွဲလာသည့် ရှားလော့ခ်စီးရီးတွဲဖက်သရုပ်ဆောင် Abbington နှင့် Martin Freeman တို့လမ်းခွဲ

ရေရှည်လက်တွဲလာသည့် ရှားလော့ခ်စီးရီးတွဲဖက်သရုပ်ဆောင် Abbington နှင့် Martin Freeman တို့လမ်းခွဲ

မင်းသား Martin Freeman က အချိန်အတော်ကြာအောင်လက်တွဲလာသည့် သူ၏လက်တွဲဖော်လည်းဖြစ်၊ ဘီ ဘီစီရုပ်သံလိုင်းမှထုတ်လွှင့်သည့် ရှာ့လော့ခ်ဇာတ်လမ်းတွဲ၏ တွဲဖက်သရုပ်ဆောင် လည်း ဖြစ်သူ   Amanda Abbington နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါသည်။

“ကျနော် Amanda နှင့်အတူရှိမနေတော့ပါဘူး” လို့ Financial Times နှင့်အင်တာဗျူးမှာ ပြောကြားခဲ့ပြီး လမ်းခွဲခဲ့ သော်လည်း အလွန့်အလွန်ကို အခင်အမင်မပျက်ဘဲ ဆက်လက်ရှိနေသွားမယ်လို့   ပြောခဲ့ပါသည်။ သူတို့နှစ်ဦး ဟာ၂၀၀၀ခုနှစ်တုန်းကရုပ်ရှင်ရိုက်ကွင်းမှာစတင်တွေ့ဆုံခဲ့ပြီး ထိုမှစ၍ လက်တွဲလာခဲ့ကာ အခုဆိုရင် သက်တမ်း ၁၆နှစ်ရှိပြီဖြစ်ပြီး ကလေးနှစ်ဦးလည်း ထွန်းကားခဲ့ပါသည်။

ဒါ့အပြင်သူတို့နှစ်ဦးဟာ နာမည်ကျော်ရှားလော့ခ်ဇာတ်လမ်းတွဲမှာ John Watson နှင့် Mary Watson ဇနီးမောင် နှံအဖြစ်တွဲဖက်သရုပ်ဆောင်ခဲ့ကြပါသည်။ ထွက်ရှိလာမည့် ရှားလော့ခ်ဇာတ်လမ်းတွဲ အသစ်တွင် သူတို့နှစ်ဦးဟာ Rosamund Mary Watson ဆိုသည့် သမီးမိန်းကလေးတစ်ဦးထွန်းကားခဲ့သည်ကို ကြည့်ရှုရမည်ဖြစ်ပါသည်။

Freeman ကတော့ သူ၏အင်တာဗျူးတွင် “ကျနော် Amanda ကိုအမြဲတမ်းချစ်နေသွားမှာပါ” လို့ပြောခဲ့ပါသည်။

Freeman နှင့် Abbington တို့နှစ်ဦးဟာ လာမည့်နှစ်သစ်ကူးတွင်စတင်ထုတ်လွှင့်မည့် ရှားလော့ခ်ဇာတ်လမ်းတွဲ အသစ်အတွက် ယခုအပတ်တွင်ကြော်ငြာခဲ့သည့် ပွဲတစ်ခု၌ အခြားတွဲဖက် သရုပ်ဆောင်များနှင့်အတူ ရှိနေခဲ့ပါ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags