ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပက်သက်၍ ရည်ရွယ်ချက်ရှိရှိ ပေါ့ပေါ့တန်တန်ပြောခဲ့ခြင်း မဟုတ်ကြောင်း Lena Dunham တောင်းပန်ရှင်းလင်း

ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပက်သက်၍ ရည်ရွယ်ချက်ရှိရှိ ပေါ့ပေါ့တန်တန်ပြောခဲ့ခြင်း မဟုတ်ကြောင်း Lena Dunham တောင်းပန်ရှင်းလင်း

Lena Dunham ဟာ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပက်သက်၍ ပြောကြားခဲ့သော သူမ၏ မနှစ်မြို့ဖွယ်ရာကောင်းတဲ့ ပျက်လုံးအတွက် တောင်းပန်ခဲ့ပါသည်။ သူမ၏ ရေဒီယိုအသံလွှင့်အစီအစဉ်ဖြစ်သည့် Women of the Hour ရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ အပိုင်းတစ်ခုမှာ သူမထောက်ခံတဲ့အရာတစ်ခုဖြစ်သည့် အမျိုးသမီးများ ကိုယ်ဝန် ဖျက်ချနိုင်သော တရားဝင်အခွင့်အရေးအတွက် ဆွေးနွေးခဲ့ပါသည်။

သူမဟာ ထိုအစီအစဉ်တွင် အမျိုးသမီးများက ကိုယ်ဝန်ဖျက်ချခြင်း အကြောင်းမျှဝေပြောကြားတဲ့ ပရောဂျက်တစ်ခုထဲသို့ ပါ၀င်ချင်၍ သူမအား မေတ္တာရပ်ခံခဲ့သော မိန်းမငယ်တစ်ဦးအကြောင်းကို   ပြောကြားခဲ့ပါသည်။ ထိုအကြောင်း ပြောကြား၍ ပြီးခါနီးတွင် သူမက “ကျမတစ်ခါမှ ကိုယ်ဝန်ဖျက်မချဖူးပါဘူး၊ ဒါကြောင့်ကျမ ဖျက်ချဖူးချင်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။ ထို့နောက် သူမအပေါ်ပေးခဲ့တဲ့ မှတ်ချက်များဟာ ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့် သူမက “ ခံစားချက်အရရော၊ရုပ်ပိုင်းဆိုင်ရာအရပါ စိန်ခေါ်မှုတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပက်သက်လို့ ကျမ ဘယ်တော့မ ှရည်ရွယ်ချက်ရှိရှိနဲ့ ပေါ့ပေါ့တန်တန်ပြောကြားခဲ့မှာ မဟုတ်ပါဘူး” လို့ သူမ၏ အင်စတာဂရမ်တွင် ရေးသားခဲ့ပါသည်။ “ကျမရဲ့ မူရင်းရည်ရွယ်ချက်က အသိစိတ်တွေကို မြှင့်တင်ဖို့နဲ့ အမည်းစက်တွေကို လျော့ကျသွားစေဖို့ပဲဖြစ်ပါတယ်၊ ကျမ ပါးစပ်က ထွက်သမျှအရာတွေကို လူတော်တော်များများက သဘောကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့်အခု တောင်းပန်စကားဟာ ကျမအပေါ်ကို ယုံကြည်မှုတွေပေးနေတဲ့ အမျိုးသမီးများကိုပဲ ရည်ရွယ်ပါတယ်” လို့ သူမက ရေးသားတောင်းပန်ခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly