တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး မောင်တောဒေသခံများ ဒေသတွင်း အဆက်အသွယ်ပြတ်တောက်ဟု ဆို

တိုက်ခိုက်မှု ဖြစ်စဉ်များအပြီး မောင်တောဒေသခံများ ဒေသတွင်း အဆက်အသွယ်ပြတ်တောက်ဟု ဆို
ဓာတ်ပုံ- MOI

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ။               ။ အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်များအပြီးတွင် ဘူးသီးတောင်၊   မောင်တော ဒေသခံများအနေဖြင့်   ဒေသတွင်းသွားလာမှု တားမြစ်ခံထားရပြီး  ပြည်မနှင့် အဆက်အသွယ် ပြတ်တောက် နေသလို ကြံုတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပမီဒီယာအဖွဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင် မဇ္စျိမ မီဒီယာမှ ဒေသခံများအားမေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘူးသီးတောင်၊ မောင်တော ဒေသခံများအနေဖြင့် ဒေသတွင်း သွားလာမှုခက်ခဲနေပြီး တစ်နေရာမှ တစ်နေရာသို့ သွား လာမှု ခွင့်ပြုထားခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ဒေသများ၌ လက်ရှိအခြေအနေတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ယင်းပုဒ်မတွင် ညမထွက်ရအမိန့်အပါအဝင် စုဝေးခြင်းမပြုရ စသော အချက်များပါ၀င်သည်။

ဒေသတွင်း သတင်းစီးဆင်းမှု ပြတ်တောက်သည့် အနေအထားရှိနေပြီး သတင်းရရှိရေးအတွက် ရေဒီယိုကိုသာ အားကိုး နေရကြောင်း မောင်တောဒေသခံများက ပြောသည်။

မောင်တောဒေသသို့ သွားရောက်လေ့လာ သတင်းရယူနေသည့် မီဒီယာများအနေဖြင့် တိုက်ခိုက်မှုခံခဲ့ရသည့် ကျီးကန်း ပြင်နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ ဒီဇင်ဘာ ၂၁ရက်နေ့တွင် သွားရောက်လေ့လာခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံ နေ ကြောင်း သိရသည်။

ယမန်နေ့က သွားရောက်ခဲ့သည် ဘူးသီးတောင်ခရီးစဉ်အတွင်း ရခိုင်၊ ဘင်္ဂါလီ နှစ်ဖက်အသိုင်းအဝိုင်းများအနေဖြင့် ပုံမှန်အခြေအနေရောက်ရှိရန် ဆန္ဒရှိနေပြီး တိုက်ခိုက်မှုအခြေအနေများကို မလိုလားကြောင်း ယင်းဒေသခံများက မီဒီယာအဖွဲ့များ ရောက်ရှိလာစဉ်ပြောဆိုခဲ့ပြီး အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုနောက်ပိုင်း စိုးရိမ်ကြောက်လန့်မှုများ   နှစ်ဖက်အသိုက်အဝန်းကြားတွင်   ဖြစ်ပေါ်နေပြီး စီးပွားရေး လုပ်ကိုင်ရမှု ခက်ခဲလာသည်ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly