ပွယ်တိုရီကိုနိုင်ငံ ကိုယ်စားပြုမယ် က ၂၀၁၆ မယ်ကမ္ဘာပြိုင်ပွဲတွင် အနိုင်ရရှိခဲ့

ပွယ်တိုရီကိုနိုင်ငံ ကိုယ်စားပြုမယ် က ၂၀၁၆ မယ်ကမ္ဘာပြိုင်ပွဲတွင် အနိုင်ရရှိခဲ့

ယခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ကျင်းပသည့် ၆၆ ကြိမ်မြောက် မယ်ကမ္ဘာပြိုင်ပွဲတွင် ပွယ်တိုရီကိုနိုင်ငံ ကိုယ်စားပြုမယ် Stephanie Del Valle က မယ်ကမ္ဘာသရဖူကိုရရှိပြီး အနိုင်ရခဲ့ပါသည်။ သရဖူကိုတော့ ၂၀၁၅ ခုနှစ် မယ်ကမ္ဘာပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည့် စပိန်နိုင်ငံကိုယ်စားပြုမယ် Mireia Lalaguna က တပ်ဆင်ပေးခဲ့ပါသည်။

နယူးယောက်မြို့Pace တက္ကသိုလ်တွင် ဥပဒေနှင့်ဆက်သွယ်ရေးဘာသာ သင်ကြားနေသော ၁၉ နှစ်အရွယ် ကျောင်းသူဖြစ်သည့် Stephanie က သူမ၏နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ရခြင်းဟာ ကြီးကျယ်မြင့်မြတ်ပြီး ဂုဏ်ယူစရာကောင်းသည့် ၀တ္တရားတစ်ခုဖြစ်ကြောင်း ပြောခဲ့ပါသည်။

အဆိုပါ ပြိုင်ပွဲရဲ့ဒုတိယဆုကိုတော့ ဒိုမီနီကန်ရီပတ်ဘလစ်နိုင်ငံ ကိုယ်စားပြုမယ် Yaritza Miguelina Reyes က ရရှိခဲ့ပြီး တတိယဆုကိုတော့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်စားပြုမယ် Natasha Mannuela က ရရှိခဲ့ပါသည်။

ဗိုလ်လုပွဲကိုရောက်ရှိခဲ့တဲ့ ထိပ်သီးမယ် ငါးဦးစာရင်းတွင် ကင်ညာနိုင်ငံမှ Njambi Thungu နှင့် ဖိလစ်ပိုင်နိုင်ငံမှ Catriona Elisa Gray တို့ ပါ၀င်ခဲ့ကြပါသည်။

ယခုနှစ်ရဲ့ မယ်ကမ္ဘာပြိုင်ပွဲကို ၀ါရှင်တန်ဒီစီအနီးရှိ အမျိုးသားဆိပ်ကမ်းမှာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ ကိုယ်စားပြုမယ်များ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly