မြန်မာ့တပ်မတော် စစ်ပွဲအောင်စေရန်ဟုဆိုကာ တပ်မတော်ထောက်ခံပွဲပြုလုပ်

မြန်မာ့တပ်မတော် စစ်ပွဲအောင်စေရန်ဟုဆိုကာ တပ်မတော်ထောက်ခံပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၁၈ ။              ။ နယ်စပ်ဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်ပွဲများတွင် မြန်မာတပ်မတော်ဘက်မှ အနိုင်ရရှိစေရန်ဟုဆိုကာ  တပ်မတော်အား ထောက်ခံကြိုဆိုပွဲတစ်ရပ်ကို  ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့၊ နေ့လည် ၂ နာရီမှစတင်ကာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရေခဲဆိုင်မှတ်တိုင်တွင် စုဝေးကာ မြို့ တော်ခန်းမရှေ့အထိ ချီတက်လမ််းလျှောက်ခဲ့ကြပြီး မြို့တော်ခန်းမရှေ့တွင် ထောက်ခံပွဲအစီအစဉ်ကို ဆက်လက် ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

"တချို့ကပြောကြတယ်။ ဝန်ထမ်းအချင်းချင်းကို ဘာကြောင့် ထောက်ခံရတာလဲတဲ့။ အဲ့ဒီလိုပြောကြတယ်။ အဲ့ဒီလို လူ တွေကို ဦးဇင်းကပဲ ပြောချင်ပါတယ်။ ဝန်ထမ်း၊ ဝန်ထမ်းဆိုပေမယ့် မင်းနဲ့ ငါနေရာချင်းတူပေမယ့် သေတာချင်း မတူဘူး ဆိုတာကို ဒီနေရာကနေ ပြောကြားလိုက်ပါတယ်။ " ဟု မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တ ကမိန့်သည်။

အဆိုပါ လမ်းလျှောက်ပွဲတွင် တပ်မတော်ကို ထောက်ခံကြောင်း၊ စစ်ပွဲများအောင်မြင်စေရန်နှင့် တပ်မတော် သားများ ကျန်းမာစေကြောင်း နိုင်ငံတော်အလံများနှင့် တပ်မတော်အလံများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ ကြခြင်းဖြစ်သည်။

" ကျွန်တော့ မိတ်ဆွေ အရာရှိအရာခံ အကြပ်စစ်သည်တွေ ရှေ့တန်းမှာ စိတ်ဓာတ်ခွန်းအားကအရေးကြီးပါတယ်။ ဒီလို မျိုး စိတ်ဓာတ်တွေ ကျသွားအောင်ဆိုပြီး လွှတ်တော်ကြီးက ဆောင်ရွက်ခဲ့တာကို ကျွန်တော်တွေ့ရတယ်။ ဒါကြောင့် ဒီ အခမ်းနားကို ကျွန်တော်တို့ ကျင်းပရခြင်း ဖြစ်ပါတယ်" ဟု ထောက်ခံပွဲတွင် တက်ရောက်ဟောပြောစဉ် အမျိုးသား လွှတ် တော်အမတ်ဟောင်း ဦးလှဆွေက ပြောသည်။

အဆိုပါ စီတန်းလမ်းလျှောက်ပွဲတွင် တပ်မတော်ကိုထောက်ခံသည့် တိုင်းရင်းသားဆိုသူများနှင့်  ရဟန်းသံဃာ တော်များ နှင့် စစ်မှုထမ်းဟောင်းများ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly