ပုသိမ်မြို့၌ သံချေးတက် လက်ပစ်ဗုံးဟောင်းတွေ့

ပုသိမ်မြို့၌ သံချေးတက် လက်ပစ်ဗုံးဟောင်းတွေ့

ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ စိုင်ခြံကျေးရွာ၊ကွင်းအမှတ်၅၇/ခ၊ သံချေးတက်နေသည့် ၃၆လက်ပစ်ဗုံးတစ်လုံးအား ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တွေ့ရှိကြောင်းပုသိမ်မြို့မရဲစခန်းစခန်းမှူး ဒုရဲမှူးမျိုးသူ ထံမှ သိရှိရသည်။

"ပိုင်ရှင်ဦးသန်းထွေးက ဖုန်းဆက်အကြောင်းကြားလို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးခေါင်းဆောင်တဲ့အဖွဲ့က အနောက်တောင်တိုင်း စစ်အင်ဂျင်နီယာ(၉၀၇)အကြောင်းကြားပြီး ပြည်သူတွေ အန္တရာယ်ကင်းရှင်းရေး စည်းတားဆောင်ရွက်ပြီး၊ အင်ဂျင်နီယာတပ်ရင်းရောက်တော့ ဗုံးအမျိုးအစားခွဲတယ် ။ ဟိုအရင်ခေတ်ဟောင်းဗုံးပေါ့ ။ လက်နက်ဆိုတာတော့ အန္တရာယ်ရှိတာပေါ့။ ပတ်ဝန်းကျင်မှာ ထပ်ရှိ မရှိ ရှာဖွေတယ်”ဟု ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူးမျိုးသူ က မဇ္ဈိမသို့ ပြောသည်။

တွေ့ရှိသည့် ၃၆လက်ပစ်ဗုံးအား ပုသိမ်မြို့ရဲစခန်းမှ အနောက်တောင်တိုင်းစစ်အင်ဂျင်နီယာတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင့် မြို့မရဲစခန်းမှ သိရှိရသည်။

ပုသိမ်မြို့တွင် ဒီဇင်ဘာလအတွင်း နှစ်ကြိမ်မြောက် တွေ့ရှိခြင်းဖြစ်ပြီး၊ ပထမအကြိမ်တွင်ပုသိမ်မြို့၊အမှတ်(၃)ရပ်ကွက်၊ တာဝတိံသာလမ်း၊ အိမ်အမှတ်(၂၁) နေအိမ်် ဒီဇင်ဘာလ ၄ ရက်နေ့၊ ၁၁နာရီ တွင်မြေကြီးတူးဖော်ရာတွင် လက်ပစ်ဗုံးနှင့် ကျည်ဆံများ တူးဖော်တွေ့ရှိခြင်းဖြစ်ပြီး၊ ပထမအကြိမ်တွင် ကျည်ဆန် ၆၀၀ ကျော်နှင့် ဗုံးတစ်လုံးတွေ့ရှိရပြီး၊ ယခုတစ်ကြိမ် ဗုံးတစ်လုံးအား ပုသိမ်မြို့၊ပျဉ်းကတိုးကုန်းကျေးရွာတွင် ထပ်မံတွေ့ရှိရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly