ထရမ့်တာဝါ၌ ဒေါ်နယ်ထရမ့်နှင့်အဆိုတော် Kanye West တို့တွေ့ဆုံ

ထရမ့်တာဝါ၌ ဒေါ်နယ်ထရမ့်နှင့်အဆိုတော် Kanye West တို့တွေ့ဆုံ

အမေရိကန်နာမည်ကျော်ရက်ပ်အဆိုတော် Kanye West ဟာ သမ္မတသစ်ဖြစ်သူဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံခဲ့ပြီး သူတို့နှစ်ဦးမှာ ဘဝကြောင်းဆွေးနွေးခဲ့သည်ဟု သိရပါသည်။

ပြီးခဲ့သော အင်္ဂါနေ့က သူတို့နှစ်ဦးဟာ ထရမ့်တာဝါ၌တွေ့ဆုံခဲ့ကြပြီးနောက် ဓာတ်ပုံအတူရိုက်ခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံခြင်းနှင့် ပက်သက်၍ရှင်းရှင်းလင်းလင်းပြောကြားခဲ့ခြင်း မရှိခဲ့သလို   နောက်လမှာ ကျင်းပမယ့် ထရမ့် ရဲ့ရာထူးအပ်နှင်းပွဲမှာ Kanye West ဖျော်ဖြေမလားဆိုသည့်မေးခွန်းကိုလည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိခဲ့ကြောင်း သိရပါသည်။ မစ္စတာထရမ့်ကတော့ သူတို့နှစ်ဦးဟာ သာမန်မိတ်ဆွေတွေသာဖြစ်ပြီး မကြာသေးခင်ကမှ ဆေးရုံကဆင်းလာသည့် အဆိုတော် Kanye West ဟာလည်းလူတော်လူကောင်းတစ်ဦးဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

အဆိုတော် Kanye West ဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကသူ မဲမပေးခဲ့ကြောင်းနှင့်အကယ်၍မဲပေးခဲ့မည်ဆိုပါ ကလည်း ဟီလာရီကလင်တန်ထက် မစ္စတာထရမ့်ကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း   ပြောခဲ့ဖူးပါသည်။ ဒါကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလကပြုလုပ်ခဲ့သော ကာလီဖိုးနီယားကသူ၏ဖျော်ဖြေပွဲမှာ ပရိတ်သတ်များ၏လှောင်ပြောင်ခြင်း ကိုခံခဲ့ရပါသည်။

မစ္စတာထရမ့်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ မစ္စတာထရမ့်ဟာ သူနဲ့ခင်လာတာကြာပြီဖြစ်သည့် မိတ်ဆွေကြီးနှင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ရက် အင်္ဂါနေ့မှာ ပြန်လည်တွေ့ဆုံရခြင်းအတွက်   ပျော်ရွှင်နေကြောင်း ပြောခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly