လွှတ်တော်ကိုယ်စားလှယ်အား ရန်ပြုခံရမှု ဖမ်းဆီးစစ်ဆေးလျက်ရှိ

လွှတ်တော်ကိုယ်စားလှယ်အား ရန်ပြုခံရမှု ဖမ်းဆီးစစ်ဆေးလျက်ရှိ
 

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီအား ရန်ပြုခံရသောအမှုအား တစ်ဖက်မှရန်ပြုသူဟု ယူဆရသူကို ဖမ်းဆီးရရှိထားပြီး ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ ညနေ ၆နာရီခန့်တွင်   တောင်ဒဂုံမြို့နယ်၊ မြို့မရဲစခန်း၌ စစ်ဆေးနေသည်ဟု သိရသည်။

တရားခံဟု ယူဆရသူ လူငယ်တစ်ဦးအား စစ်ဆေးမေးမြန်းနေပြီး တရားလို ဦးညီညီလည်း ရောက်ရှိလာကာ ယမန်နေ့ညက တာဝန်ကျရဲအရာရှိနှင့်ပတ်သက်ပြီး မသိရှိသေးဟု သိရသည်။

ဖြစ်စဉ်မှာ ကိုလှမိုးပိုင်ဆိုင်သော မော်တော်ယာဉ်အား လူငယ် သုံးဦးမှ ငှားရမ်းပြီး ပဲခူးဖက်မှ ပြန်လာစဉ် ကားချင်းကျော်တက်ရာမှ ယာဉ်ပိတ်ဆို့မှုဖြစ်ပွားကာ အချင်းများခဲ့ခြင်း ဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အန္တရာယ်ပြုခံနေရစဉ် တောင်ဒဂုံရဲစခန်းသို့ ရဲကားလွှတ်ပေးရန် ဖုန်းနှစ်ခါဆက်၍ အကူအညီတောင်းခံခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိဟု ဦးညီညီက   ပြောကြားထားသည်။ လက်ရှိတွင် ယင်းအမှုအား တောင်ဒဂုံမြို့မရဲစခန်းတွင် ယခုစစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly