အမေရိကန် Box Office မှာ “Office Christmas Party” ကိုကျော်ဖြတ်ပြီး နံပါတ်တစ်နေရာမှာရှိနေဆဲဖြစ်တဲ့ Moana

အမေရိကန် Box Office မှာ “Office Christmas Party” ကိုကျော်ဖြတ်ပြီး နံပါတ်တစ်နေရာမှာရှိနေဆဲဖြစ်တဲ့ Moana

လော့်စ်အိန်ဂျယ်လိစ်။               ။ ဒစ်စနေးကုမ္ပဏီရဲ့ဇာတ်ကား Moana ကတော့ ဒီအပတ် စနေ၊တနင်္ဂနွေပိတ်ရက်မှာ အမေရိကန်ရှိ ရုံပေါင်းများစွာ၌ ပြသခဲ့ပြီး ၁၈.၈သန်း ရရှိခဲ့ကာ Box Office ထိပ်ဆုံးနေရာကို ရောက်ရှိနေပါတယ်။ ဒါကြောင့် ဒီကာတွန်း စွန့်စားခန်းဇာတ်ကားဟာ ဇယားထိပ်ကို ရောက်ရှိနေတာ သုံးပတ်ရှိပြီဖြစ်ပြီး ပြည်တွင်းဝင် ငွေ ၁၄၅သန်းကျော် ရရှိထားပါတယ်။

Moana ရဲ့နောက်ဒုတိယ နေရာမှတော့ ဟာသဇာတ်ကားသစ် “Office Christmas Party”က ရုံပေါင်း ၃၂၁၀မှာ ပြသခဲ့ပြီး ရုံဝင်ငွေ ၁၇.၅သန်းရရှိထားတာကြောင့် သူ့ရဲ့ကုန်ကျငွေ ၄၅သန်းကို   ကျော်ဖြတ်ဖို့ အခြေအနေကောင်း နေပါတယ်။ အဆိုပါ ဇာတ်ကားကို ပါရာမောင့်ကုမ္ပဏီမှ ထုတ်လုပ်ထားပြီး မနှစ်က ပြသခဲ့တဲ့ R အဆင့်ဟာသ ဇာတ်ကား “Sisters” ရရှိခဲ့တဲ့ ရုံဝင်ငွေ ၈၇သန်းကို   ကျော်ဖြတ်သွားဖို့ မျှော်လင့်နေပါတယ်။ “Office Christmas Party” ဇာတ်ကားဟာ ကောလိပ်ကျောင်းသားအရွယ်တွေနဲ့ အသက်နှစ်ဆယ်ကျော် အမျိုးသား၊ အမျိုးသမီး များ အကြိုက်တွေ့စေမယ့် ဟာသဇာတ်ကားဖြစ်ပါတယ်။

Lionsgate မှထုတ်လုပ်ထားတဲ့ဇာတ်ကားသစ် “La La Land”ဟာလည်း ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေပိတ်ရက်တုန်းက ရုပ်ရှင်ရုံပေါင်း ၅ခုမှာ ကန့်သက်ချက်နဲ့သာ ပြသခဲ့တာကြောင့် ရုံဝင်ငွေ ၈၅၅၀၀၀ ရရှိခဲ့ပြီး အော်စကားဆုစာရင်း ၀င်နိုင်မည့် ဇာတ်ကားအဖြစ် ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့နေပါတယ်။

နံပါတ်သုံးနေရာမှာတော့ "Fantastic Beasts and Where to Find Them" ဇာတ်ကားက ရုံဝင်ငွေ ၁၀.၈ သန်း ဖြင့် ဆက်လက်ရပ်တည်နေပြီး သိပ္ပံဇာတ်ကား “Arrival” ကတော့ ရုံဝင်ငွေ ၅.၆သန်း ရရှိကာ နံပါတ်လေးနေရာမှာ ရပ်တည်နေပါတယ်။ နံပါတ်ငါးနေရာက မာဗယ်ရဲ့ဇာတ်ကား “Doctor Strange” ဟာလည်းရုံဝင်ငွေ ၄.၆သန်း ရရှိခဲ့တာကြောင့် စုစုပေါင်း ပြည်တွင်းရုံဝင်ငွေ ၂၂၂.၄သန်းကျော် ရရှိထားပြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags