ရန်ကုန်တိုင်းလွှတ်တော် အမတ်တစ်ဦး အန္တရာယ်ပြုခံရ

ရန်ကုန်တိုင်းလွှတ်တော် အမတ်တစ်ဦး အန္တရာယ်ပြုခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။               ။ ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီသည် ဒီဇင်ဘာ ၁၁ရက် ညပိုင်းတွင် အသက်အန္တရာယ်ရှိသည်အထိ ရန်ပြုခံရကြောင်း ကာယကံရှင်က မဇ္ဈိမသို့ ပြောသည်။

၎င်းအနေဖြင့် အလုပ်ကိစ္စတစ်ခုဖြင့် တောင်ဒဂုံမြို့နယ် လေးထောင့်ကန်ဘက်မှ အပြန်ပြန် လူအပြည့်ပါသည့် တက္ကစီ အနက်ရောင်ကားတစ်စီးက လိုက်ပါ အန္တရာယ်ပြုခဲ့ခြင်းဖြစ်ကြောင်း ဦးညီညီက ဆိုသည်။

" ကျနော်တို့ ကားကို ဆဲတယ်။ ဆင်းခိုင်းတယ် ရိုက်မယ် သတ်မယ်ပြောတယ် " ဟု ရန်ပြုခံရပုံကို ၄င်းကပြန်လည် ပြောပြသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး တောင်ဒဂုံရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားနေစဉ် အန္တရာယ်ပြုမည့် ကားကအရှေ့မှ ပိတ်ရပ်ပြီး ကားပေါ်မှ လူများဆင်းလာသဖြင့်  အဆိုပါကားကို   ကျော်တတ်   မောင်းပြေးခဲ့ရကြောင်းလည်း ဦးညီညီက ပြောသည်။

အန္တရယ်ပြုခံနေရစဉ် တောင်ဒဂုံရဲစခန်းသို့ ရဲကားလွှတ်ပေးရန် ဖုန်းနှစ်ခါဆက်၍ အကူအညီတောင်းခံခဲ့သော်လည်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိဟု ၄င်းက ဆိုသည်။

" ကျွန်တော်က အသက်နဲ့ရင်းပြီး ရဲစခန်းကို မောင်းခေါ်လာတယ်။ မီးပွိုင့်ရောက်တော့ ထပ်ကျော်တယ်။ ကျွန်တော်လည်း အလုအယက်မောင်းတယ်။ ရဲစခန်းနားရောက်ခါနီးတော့ ထပ်ပြီးဆက်တယ်။ သိပ်မကြာဘူး။ ရဲစခန်းအရှေ့ရောက်တော့ ဖုန်းမီးတွေလည်း ဖွင့်ပြီးအချက်ပြ ကားမီးလည်းတောက်ပြ ဘယ်ရဲမှ မတွေ့ရဘူး။ ပုံထဲမှာမြင်တဲ့အတိုင်းဘဲ တံခါးကြီး ပိတ် ထားတယ်။ ကျွန်တော့်ကားကို စခန်းအရှေ့ထိုးချလိုက်တယ်။ အဲဒီ အချိန်မှာ လူမိုက်အကုန်ဆင်းရိုက်ရင် ကျွန်တော် အဲဒီ ရဲခခန်း အရှေ့မှာတင်သေနေပြီ။ ကူညီပါရစေတဲ့၊ အယုံအကြည်ကို မရှိဘူးဗျာ" ဟု ဦးညီညီက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ဒဂုံ မြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

 အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဦးညီညီမှ ဒီဇင်ဘာ ၁၂ ရက် ညနေ ၅နာရီတွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးညီညီသည် ၂၀၁၅ ခုနှစ် မေလ ၂၀ ရက်က ဒုတိယအကြိမ်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းဝေး တက်ရောက်ရန် အသွားတွင် တောင်ဒဂုံမြို့နယ် (၁၈)ကွေ့ မီးပွိုင့်အနီး၌ လမ်း၌ ကား သမားတစ်ဦးက ဆဲဆို ကြိမ်းမောင်းကာ ရန်ပြု ခံခဲ့ရဖူးပြီး ယခုမှာ ဒုတိယအကြိမ်မြောက် အန္တရာယ်ပြုခံရြုခင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly