ကလိုဝီကာဒါရှန်းနှင့် ဘတ်စကတ်ဘောသမား လာမားအိုဒန် တို့ရဲ့ကွာရှင်းပြတ်ဆဲမှုအပြီးသတ်

ကလိုဝီကာဒါရှန်းနှင့် ဘတ်စကတ်ဘောသမား လာမားအိုဒန် တို့ရဲ့ကွာရှင်းပြတ်ဆဲမှုအပြီးသတ်

လွန်ခဲ့သောသုံးနှစ်ကျော်ကတည်းက စီစဉ်နေခဲ့သော တီဗွီစတား ကလိုဝီကာဒါရှန်းနှင့် NBAဘတ်စ်ကတ်ဘော သမား လာမားအိုဒန်တို့ရဲ့ကွာရှင်းပြတ်ဆဲမှုဟာ အခုဆိုရင် အပြီးသတ်နိဂုံးချုပ်သွားပါပြီ။ ကင်မ်ကာဒါရှန်းရဲ့ ညီမဖြစ်သူ အသက်၃၂နှစ်အရွယ် ကလိုဝီဟာ အိမ်ထောင်သက်တမ်း၄နှစ်အကြာ၊လွန်ခဲ့သော၂၀၁၃ ဒီဇင်ဘာ လကတည်းက ကွာရှင်းပြတ်ဆဲဖို့အမှုတွဲဖွင့်ထားခဲ့တာဖြစ်ပါသည်။ သို့သော်လည်း လာမားအိုဒန်ဟာမနှစ်က နီဗားဒါးရှိ ဆောင်ကြာမြိုင်တစ်ခုမှာသတိလစ်နေခဲ့တာကိုတွေ့ရှိပြီးနောက်ပိုင်း အမှုကိုဖျက်သိမ်းခဲ့ပါသည်။ အိုဒန်ရဲ့ကျန်းမာရေးအခြေအနေဟာ အမှုကိုဖျက်သိမ်းခဲ့ရတဲ့အကြောင်းပြချက်တစ်ခုပါပဲလို့ ကလို၀ီက ပြောခဲ့ပါ သည်။

ထို့နောက် သူမဟာ လွန်ခဲ့သောမေလတုန်းကကွာရှင်းဖို့ပြန်လည်အမှုဖွင့်ခဲ့ပြီး သူတို့ရဲ့အိမ်ထောင်ရေးမှာ ညှိုနှိုင်း ၍မရနိုင်သော ခြားနားချက်များရှိသည်ဟု ပြောခဲ့ပါသည်။ သူတို့စုံတွဲစတင်တွဲခဲ့တဲ့ ၂၀၀၉ခုနှစ်ကတည်းကအတူ တကွဖွင့်လှစ်ထားခဲ့သော Khlomar ကုမ္ပဏီဟာအခုဆိုရင်ဖျက်သိမ်းတော့မှာဖြစ်ပါသည်။ သူတို့ရဲ့ရှေ့နေတွေ ကတော့ ကလို၀ီကာဒါရှန်း နှင့် လာမားအိုဒန် တို့နှစ်ယောက်စလုံးဟာ အိမ်ထောင်သည်ထောက်ပံ့ကြေးကို လက်ခံသွားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly