သူ့ရဲ့မင်္ဂလာဆောင်မှာ The Walking Dead ရဲ့တွဲဖက်သရုပ်ဆောင်တွေနဲ့ ပြန်လည်ဆုံဆည်းခဲ့တဲ့ Steven Yeun

သူ့ရဲ့မင်္ဂလာဆောင်မှာ The Walking Dead ရဲ့တွဲဖက်သရုပ်ဆောင်တွေနဲ့ ပြန်လည်ဆုံဆည်းခဲ့တဲ့ Steven Yeun

Walking Dead ဇာတ်ကားရဲ့မိသားစုဝင် သရုပ်ဆောင်တွေဟာ Glenn Rhee အတွက် မျက်ရည်နောက်တခါ ထပ်မံကျခဲ့ရပေမယ့် ဒီတစ်ခါကျရတဲ့ မျက်ရည်ကတော့ ၀မ်းသာမှုကြောင့် ကျရတာပဲဖြစ်ပါတယ်။

AMC ရဲ့ ဖုတ်ကောင် ရုပ်သံစီးရီးဖြစ်တဲ့ The Walking Dead ဇာတ်လမ်းထဲမှ Glenn Rhee အဖြစ်ပရိတ်သတ် တွေရဲ့တခဲနက် အားပေးမှုကို ရခဲ့တဲ့ Steven Yeun ဟာ သူ့ရဲ့အချိန်ကြာအောင် လက်တွဲခဲ့တဲ့ ချစ်သူ Joana Park နဲ့ပြီးခဲ့တဲ့ စနေနေ့က လော့စ်အိန်ဂျယ်လိစ်မြို့မှာ လက်ထပ်ခဲ့ပါတယ်။

လက်ရှိနဲ့ အရင်တုန်းက Walking Dead သရုပ်ဆောင်တွေဟာ မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ခဲ့ကြပြီး သတို့ သားနဲ့ သတို့သမီးဟာ မိသားစုနဲ့ သူငယ်ချင်းတွေရှေ့မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။

The Walking Dead ပရိတ်သတ်တွေဟာ အဓိကဇာတ်ကောင် Glen Rhee (Steven Yeun) သေဆုံးသွား ခဲ့ခြင်းအပေါ်ဝမ်းနည်းခဲ့ရပေမယ့် အခုတော့ သူတို့ဇာတ်ကောင်အတွက် ဂုဏ်ပြုနိုင်ပြီ   ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly