မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ကို ရှေ့တစ်ပတ် အတွင်းစစ်ဆေးမည်

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ကို ရှေ့တစ်ပတ် အတွင်းစစ်ဆေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၅ ။          ။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ကို ဒီဇင်ဘာ ဒုတိယ ပတ်အတွင်း စစ်ဆေးနိုင်ရန် ကြိုးစားနေကြောင်း လေ့လာသုံးသပ်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက မဇ္စျိမသို့ ပြောသည်။

“ ကျွန်တော်တို့ အဲ့လိုကြိူးစားနေတယ်။ သူတို့အားတာ မအားတာနဲ့တော့ ညှိရဦးမှာပေါ့ “ ဟု၄င်းက ပြောသည်။

အဆိုပါ ၀န်ကြီးချုပ်နှစ်ဦးကို ဒီဇင်ဘာ ဒုတိယအပတ်အတွင်း  တစ်ဦးလျှင် တစ်ရက်စီသီးခြား စစ်ဆေးမည်ဖြစ်သည်။

တိုင်တန်းထားသည့် တိုင်စာများထဲမှ လိုအပ် သည်များ ကို စစ်ဆေးပြီးဖြစ်သော်လည်း ၀န်ကြီးချုပ်နှစ်ဦးကို လက်ရှိတွင် တိုင်စာများအား စီစစ်ပြီးသော်လည်း စုံစမ်းမှုများမှာ အစအဆုံးမပြီးသေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက် တနင်္ဂနွေနေ့အပြီး တိုင်စာများ စီစစ်ခြင်းများကို အပြီးဆောင်ရွက် မည်ဖြစ်ပြီး ၀န်ကြီး ချုပ်နှစ်ဦးကို စစ် ဆေးမည့်ရက်ကိုတော့ ပြောခွင့်မရှိကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ တိုင်စာများရောက်ရှိလာသည့်အတွက် အဆိုပါတိုင်စာများ မှန်မမှန် စစ်ဆေးရန် လေ့လာသုံးသပ်ရေးအဖွဲ့ကို နိုဝင်ဘာ ၂၈ ရက်စွဲဖြင့်ဖွဲ့စည်းကြောင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအ လုပ်အမှု ဆောင်အဖွဲ့က ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်အဖြစ် ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly