ရန်ကုန်၊ ဒီဇင်ဘာ ၅ ။ ။ ရခိုင်အရေးနှင့် ပတ်သက်၍ အတုုိင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်၏ နုုိင်ငံတကာ မျက်နှာစာတွင်ရှိသည့် သြဇာနှင့် အင်အားကိုု အကောင်းဆုံုးအသုံုးချရန် အချိန်ရောက်ပြီဟု ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်က ၄င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်က ပြောဆိုလိုက်သည်။
ရခိုုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်ပြီး အာဆီယံဆယ်နုုိင်ငံများကို ပိုုမိုုထိတွေ့ဆက်ဆံသင့်ပြီး ပြည်တွင်းရေးအခြေ အနေကိုု ပိုုနားလည်အောင် ဆောင်ရွက်သင့်သည်ဟု ထင်မြင်ကြောင်း ၄င်းက ဆိုသည်။
ယင်းသို့ ဆောင်ရွက်ပါက အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် ရခုုိင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး တင်ပြလာပါက အငြင်းပွားရမည့် အခြေအနေမျိုးမှ ရှောင်ရှားနုုိင်မည်ဖြစ်ကြောင်းလည်း ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ယက်စာ မျက်နှာပေါ်တွင် သုံးသပ်ရေးသားထားသည်။
ဒီဇင်ဘာလ ၃ရက်နေ့တွင် ရခုုိင်ပြည်နယ် အခြေအနေနှင့် ပတ်သက်သည့် ဆန္ဒပြပွဲကို မလေးရှားဝန်ကြီးချုပ် ဦးဆောင်ခဲ့ ခြင်းအပေါ်ဝေဖန်ရေးသားထားခြင်းဖြစ်ပြီး ယင်းသို့ ဦးဆောင်မှုမှာ ၄င်း၏ ပြည်တွင်းနုုိင်ငံရေး အကျိုးအမြတ်အတွက် မြန်မာနုုိင်ငံကိုု အသုံုးချလိုုက်ခြင်းဖြစ်သည်ဟုလည်း ပြောဆိုထားသည်။
ရခုုိင်ပြည်နယ်အခြေအနေကိုု ကန့်ကွက်တဲ့ဆန္ဒပြမှုတွေကိုု သူကိုုယ်တုုိင်ဦးဆောင်ခဲ့ ခြင်းသည် မဟာသီယာနှင့် အားပြိုင်မှုတွင်သာမက လာမည့်ရွေးကောက်ပွဲတွင် အစ္စလမ်ဝါဒီများ၏ ထောက်ခံမှုရရှိရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးရဲထွဋ် က ပြောသည်။
မလေးရှားနုုိင်ငံ၏ ရွေးကောက်ပွဲ ၂၀၁၈ တွင်ပြုလုပ်မည်ဖြစ်ပြီး ၀န်ကြီးချုပ်နာဂျစ်သည် လာမယ့်ရွေး ကောက်ပွဲတွင် ထောက်ခံမှု ပိုမိုရရှိစေရန် အစ္စလမ်ဘာသာရေးဝါဒီများနှင့် ပေါင်းလာခဲ့ကြောင်းလည်း ရေးသားထားသည်။
၀န်ကြီးချုပ်နာဂျစ်သည် ပြီးခဲ့သည့် တစ်နှစ်ကျော်ကပင် မလေးရှားနုုိင်ငံပိုုင် ရင်းနှီးမြှတ်နှံမှု ရံပုံုငွေ အရှုပ်တော်ပုံနှင့် ပတ်သက်၍ ဒေါ်လာသန်း ရ၀၀ ကျော် ၎င်း၏ ဘဏ်အကောင့်တွင် ထည့်ကာ အလွဲသုံးစားပြုလုပ်ထားသည်ဟုဆိုကာ ဝေဖန်ခံနေရသူဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမေရိကန်၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ဟောင်ကောင်တိုု့ရှိ ဘဏ်များကိုု သက်ဆိုုင်ရာ အစိုုးရများက စစ်ဆေးမှုများ လုုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။