ရန်ကုန်မြို့ ရခိုင် နှင့် မွတ်စလင် အသိုင်းအဝိုင်းနှစ်ခုမှ လူငယ်များနှင့် ကိုဖီအာနန် တွေ့ဆုံ

ရန်ကုန်မြို့ ရခိုင် နှင့် မွတ်စလင် အသိုင်းအဝိုင်းနှစ်ခုမှ လူငယ်များနှင့် ကိုဖီအာနန် တွေ့ဆုံ

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ။              ။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန် သည် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ ရခိုင် နှင့် မွတ်စလင်အသိုင်းအဝိုင်းနှစ်ခုမှ လူငယ်များနှင့် တွေ့ဆုံခဲ့ကြောင်း ကော်မရှင်က ၄င်း၏ တွစ်တာစာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ကော်မရှင်အနေဖြင့် ဒီဇင်ဘာ ၂ ရက်နေ့မှ  ၃ ရက်အထိ ရခိုင်ပြည်နယ်သို့ နှစ်ရက်ကြာ သွားရောက်မှာဖြစ်ပြီး ရခိုင်ပြည်နယ်မှ အရပ်ဖက်အဖွဲ့အစည်းများနှင့်   တွေ့ဆုံရန် ရှိနေသည်။ ကိုဖီအာနန်က “ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နဲ့တွေ့ဆုံပြီး ရခိုင်ဒေသမြောက်ပိုင်းနှင့် နယ်စပ်ဒေသရှိ ပဋိပက္ခဖြစ်ပွားရာနေရာဒေသများသို့ သွားရောက်တွေ့ဆုံရန်ရှိကာ  ကြံုတွေ့နေရသည့်အခက်အခဲစိန်ခေါ်မှုတွေကို ပိုမိုနားလည်နိုင်ရန်ဖြစ်သည် ” ဟု ပြောထားသည်။

ကိုဖီအာနန်၏ ယခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က ဒေသခံအချို့က ဆန္ဒပြဖို့ပြင်ဆင်နေကြပြီး စက်တင်ဘာ ၁၆ ရက်နေ့က ကိုဖီအာနန် ရခိုင်ပြည်နယ်ကို ပထမဦးဆုံးအကြိမ်အဖြစ်   ရောက်ရှိခဲ့စဉ်ကလည်း  ဒေသခံများ၏ ဆန္ဒပြကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ရခိုင်ပြည်နယ်ကော်မရှင်အနေဖြင့် ၄င်းတို့၏ ရခိုင်ခရီးစဉ်ပြီးဆုံးပါက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ဖြင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly