ပြည်တွင်းက မြူးဇစ်ဗီဒီယိုတွေနဲ့ မတူဘူးဆိုတဲ့ ဒီဂျေ ၀ိုင်း နဲ့ Ar T တို့ရဲ့ ကမ္ဘာသစ်

ပြည်တွင်းက မြူးဇစ်ဗီဒီယိုတွေနဲ့ မတူဘူးဆိုတဲ့ ဒီဂျေ ၀ိုင်း နဲ့ Ar T တို့ရဲ့ ကမ္ဘာသစ်

ဒီဂျေ ၀ိုင်း နဲ့ Ar T တို့ရဲ့ New World (ကမ္ဘာသစ်) လို့ အမည်ပေးထားတဲ့ မြူးဇစ်ဗီဒီယိုတစ်ခုကို ဒီဇင်ဘာ ၁ ရက်မှာ အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိမှဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာမှာ မျက်နှာမငယ်ရအောင် ပုံစံအသစ်နဲ့ ရိုက်ကူးပုံဖော်ထားပြီး ပြည်တွင်းက မြူးဇစ်ဗီဒီယိုတွေနဲ့မတူဘဲ ထူးခြားနေမှာ ဖြစ်တယ်လို့ Ar T က ပြောပါတယ်။

“ ဒီ ဗီဒီယိုကို ဒီဇင်ဘာ ၁ ရက်မှာ အွန်လိုင်းကနေ Online Release  လုပ်မှာပါ။ ကျွန်တော်တို့ နိုင်ငံခြားကို သွားလို့ ကျွန်တော်တို့ရဲ့ မြူးဇစ်ဗီဒီယိုတွေ သူတို့ကိုချပြတဲ့အခါ မျက်နှာမငယ်ရတော့ဘူး။   နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် ပုံစံအသစ်တွေနဲ့ အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတာပါ” လို့ အဆိုတော် Ar- T က ဆိုပါတယ်။

ငွေဆောင် ကမ်းခြေမှာ စူပါမော်ဒယ်လ် ရှစ်ယောက်၊ Dancer ၅ ယောက်တို့နဲ့ Ar-T နဲ့ ဒီဂျေ ၀ိုင်းတို့ပါ ပါ၀င်ရိုက်ကူးတာဖြစ်ပြီး Electronic Dance Music (EDM) ပုံစံ ခပ်မြူးမြူးဖြစ်ကာ မြန်မာနိုင်ငံမှာ အသုံးပြုလေ့မရှိတဲ့ ပုံစံနဲ့ တီးခတ်ထားတယ်လို့ ဒီဂျေ ၀ိုင်းက ညွှန်းထားပါတယ်။

ဒီဂျေ ၀ိုင်းက“ကျွန်တော် ဒီသီချင််းအတွက် EDM ပုံစံနဲ့ တီးခတ်ပေးထားပြီးတော့ ဒီမှာ ကြားနေကျ DJ ပုံစံ မဟုတ်ဘဲ အသစ်လေးဖြစ်မှာပါ။ ဒီပုံစံကလည်း တော်တော် လေ့လာမှု အားကောင်းမှသာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်အကြိုက်ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ မြူးဇစ် ဗီဒီယိုကို fg Entertainment နဲ့ပူးပေါင်းကာ ရိုက်ကူးတင်ဆက် ထားတာဖြစ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ နိုဝင်ဘာ ၂၉ ရက်က ပြည်လမ်းရှိ Jasmine Palace ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags