သတင်းထောက်နှစ်ဦး ပုဒ်မ ၆၆(ဃ) ဖြင့် အပြန်အလှန် အမှုဖွင့်ရာ ပုဂ္ဂလိက သတင်းထောက်အဖမ်းခံရ

သတင်းထောက်နှစ်ဦး ပုဒ်မ ၆၆(ဃ) ဖြင့် အပြန်အလှန် အမှုဖွင့်ရာ ပုဂ္ဂလိက သတင်းထောက်အဖမ်းခံရ

နေပြည်တော်၊ နိုဝင်ဘာ ၃၀ ။              ။ ကြေးမုံသတင်းစာ သတင်းထောက် ဇော်မင်းဦး နှင့် News Watch ဂျာနယ်၏ နေပြည်တော် သတင်းထောက် ဦးခင်မောင်ထွန်း(မြို့မထွန်း ) တို ့နှစ်ဦးသည် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အပြန်အလှန် တရားစွဲဆိုထားရာမှ ဦးခင်မောင်ထွန်းသည် နိုဝင်ဘာလ ၂၉ရက် ညပိုင်းက ဖမ်းဆီးကာ ၃၀ ရက်နေ့တွင် ပျဉ်းမနားမြို ့နယ်တရားရုံးတွင် ရမန်ရယူခဲ့သည်။

" ကျတော်က ၈လပိုင်းကတည်းက ဇမ္မူ သီရီမြို ့နယ်ရဲစခန်းမှာ အမှုစဖွင့်တယ် ၊ အမှတ် (၁ ) စခန်းမှာ ပနံပါတ်တွေပါ ထွက်ပြီးသား အခုထိမဖမ်းသေးတာ ဘာသဘောလဲမသိဘူး " ပျဉ်းမနားအချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံ ထား ရသည့် ဦးခင်မောင်ထွန်းက ပြောသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည့် " နေပြည်တော်မြို့မစျေးကြီး ရက်တစ်ရာ စီမံချက်အတွင်း စည်းကမ်းတကျဆောင်ရွက်ထားမှုအား တစေ့တစောင်းလေ့လာတင်ပြခြင်း " ခေါင်းစဉ်ဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် မှ ကော်မတီဝင် (၃)ဦးမျိုးတင့် ၊ ဌာနကြီးမှူး ဦးမင်းမင်းဇော် နှင့် စျေးများဌာန ဌာနမှူး ဦးမင်းလွင်စိုးတို့အား တွေ့ဆုံမေးမြန်းထားမှုကို ဦးခင်မောင်ထွန်းက (မြို ့မထွန်း ) ကလောင်အမည်ဖြင့် " အပြင် မှာ သာမက နိုင်ငံပိုင်သတင်းစာနှင့် စာမျက်နှာပေါ်တက် လိမ်ဝံ့သူ " ခေါင်းစဉ်ဖြင့် Tomorrow ဂျာနယ်သို့ ပေးပို့ခဲ့ရာ အယ်ဒီတာထံပေးစာကဏ္ဍတွင် ဖော်ပြခြင်းခံခဲ့ရသည်။

Tomorrow ဂျာနယ်ပါ စာမျက်နှာကို ဓာတ်ပုံရိုက်၍ ဦးခင်မောင်ထွန်းကသူ၏ ဖေ့ဘွတ်စ် စာမျက်နှာတွင် တင်ခဲ့သည့် အပေါ် ကြေးမုံသတင်းစာတွင် ဖော်ပြရန် ဦးမျိုးတင့် ၊ ဦးမင်းမင်းဇော် နှင့် ဦးမင်းလွင်စိုး တို့အားတွေ့ ဆုံမေး မြန်းခဲ့သည့် သတင်းထောက်ဖြစ်သူ ဦးဇော်မင်းဦးက ယခုကဲ့သို ့အမှုဖွင့်တရားစွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးဇော်မင်းဦး မှ ဦးခင်မောင်ထွန်းအား ဖုန်းဆက်၍ ခြိမ်းခြောက်မှုများပြုလုပ်သည်ဟုဆိုကာ ဦးခင်မောင်ထွန်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ )ဖြင့် သြဂုတ်လတွင် အမှုဖွင့်ထားသော်လည်း နို၀င်ဘာ ၃၀ ရက်နေ့ထိ ဖမ်းဆီးခြင်းမရှိ သေးကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ဦးခင်မောင်ထွန်းအား ပျဉ်းမနားအချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီဇင်ဘာလ ၁၃ရက်နေ့တွင် စတင်ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဦးခင်မောင်ထွန်း ဖမ်းဆီးထိမ်းသိမ်းခံရခြင်းနှင့် ပတ်သက် မိမိတို့ ဂျာနယ်နှင့် ပတ်သက်မှုမရှိသော်လည်း News Watch ဂျာနယ်၏နေပြည်တော် သတင်းထောက်ဖြစ်သည့်အတွက် ဥပဒေဘောင်အတွင်းမှ တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း News Watch ဂျာနယ်က နိုဝင်ဘာလ ၃၀ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly