ပထမဦးဆုံး ရင်သွေးလေးမွေးဖို့ကိုယ်ဝန်ရှိလာသည့် Amanda Seyfried

ပထမဦးဆုံး ရင်သွေးလေးမွေးဖို့ကိုယ်ဝန်ရှိလာသည့် Amanda Seyfried

ဟောလိ၀ုဒ်မင်းသမီး Amanda Seyfried ဟာ သူမနှင့်စေ့စပ်ထားတဲ့ မင်းသား Thomas Sadoski နဲ့ ပထမဦး ဆုံးရင်သွေးလေးကိုရရှိတော့မယ်လို့ သိရပါတယ်။

သူမဟာ လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက သူမနဲ့အတူ The Last Word ဇာတ်ကားမှာ အတူသရုပ်ဆောင်ခဲ့တဲ့ မင်းသား Thomas Sadoski နှင့်စေ့စပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ပထမဦးဆုံး ရင်သွေးလေးကို ရရှိတော့မှာဖြစ်ပါတယ်။သူမဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညနေက ပြုလုပ်ခဲ့တဲ့ Givenchy ရေမွှေးထုတ်သူတွေရဲ့ ရေမွှေးအသစ် ကြေညာပွဲကို အနက်ရောင် ဂါ၀န်ဝတ်ပြီး တက်ရောက်ခဲ့ကာ ထိုပွဲမှာ သူမတွင် ကိုယ်ဝန်ရှိပြီဆိုသည့်အကြောင်း ကို ကိုယ်တိုင် အသိပေးခဲ့ပါတယ်။

သရုပ်ဆောင်နှစ်ဦးစလုံးဟာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို နှစ်ကိုယ်ကြား ထိန်းသိမ်းထားချင်ပေမယ့်လည်း မတတ်သာသောကြာင့် သူတို့ရဲ့မိသားစုဝင်တွေနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို အသိပေးခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly