“What I See” လို့အမည်ရတဲ့ ဓာတ်ပုံစာအုပ်တစ်ခုကို ပုံနှိပ်ထုတ်ဝေမည့် ဘရွတ်ကလင်း ဘက်ခမ်း

“What I See” လို့အမည်ရတဲ့ ဓာတ်ပုံစာအုပ်တစ်ခုကို ပုံနှိပ်ထုတ်ဝေမည့် ဘရွတ်ကလင်း ဘက်ခမ်း

ဘရွတ်ကလင်းဘက်ခမ်း ဟာ သူ့ရဲ့ပထမဦးဆုံး စာအုပ်တစ်အုပ်ကို ထုတ်ဝေတော့မည်ဖြစ်ကြောင်း Penguin Random House လို့ခေါ်တဲ့ စာအုပ်ထုတ်ဝေရေးက ကြေညာလိုက်ပါတယ်။

အသက် ၁၇နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဘရွတ်ကလင်းဘက်ခမ်းဟာ သူ့ရဲ့စာအုပ်ကို လာမည့် ၂၀၁၇ မေလမှာ စတင်ဖြန့်ချီမှာဖြစ်ပြီး ထိုစာအုပ်ထဲမှာ သူ့ရဲ့ဓာတ်ပုံအပါအဝင် သူကိုယ်တိုင်ရိုက်ထားတဲ့ ဓာတ်ပုံပေါင်း သုံးရာကျော် ပါ၀င်မှာဖြစ်ပါတယ်။ ထိုဓာတ်ပုံတွေထဲမှာ သူကိုယ်တိုင် ရေးထားတဲ့ ခေါင်းစီးများနဲ့ အမှာစာများလည်း ပါ၀င်မှာဖြစ်ပါတယ်။

နာမည်ကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ အဆိုတော် ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ သားဖြစ်သူ ဘရွတ်ကလင်းဘက်ခမ်းဟာ သူဓာတ်ပုံ အမြဲတင်နေကျ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အားပေးသူပရိတ် သတ်ပေါင်း ၈.၈သန်းကျော်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly