ဧရာဝတီတိုင်းဒေသကြီး NLD ကိုယ်စားလှယ် ၁၂ ဦးအား တိုင်ကြားထားခြင်းခံရ

ဧရာဝတီတိုင်းဒေသကြီး NLD ကိုယ်စားလှယ် ၁၂ ဦးအား တိုင်ကြားထားခြင်းခံရ

တ်ိုင်းဒေသကြီး NLDကိုယ်စားလှယ်များ ၁၂ဦးအပေါ် တိုင်ကြားစာများအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ဆီ တိုင်ကြားထားမှုများရှိကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌက မဇ္ဈိမသို့ ပြောသည်။

"အကြောင်းအရာများတယ်။  ပြည်သူနဲ့ဆိုင်တဲ့အခြမ်းလည်း ပါတယ်၊ ဝန်ထမ်းနဲ့ဆိုင်တဲ့အခြမ်းလည်း ပါတယ်၊ ကျွန်တော်တို့ NLD ပါတီ မူအရ ပါတီဗဟိုကိုယ်စားလှယ်များဆိုင်ရာ တိုင်ကြားစာဌာနရှိတယ်။ အဲဒီတိုင်လို့ရတယ် ။ သို့သော် ကျွန်တော်ဆီဝင်လာတဲ့ တိုက်ရိုက်တိုင်ကြားပြောတယ်၊ ဖြေရှင်းချက်တောင်းတဲ့ သူတို့ဘက်က ကောင်းမွန်ဖြေရှင်းနိုင်တဲ့ ဆုံးဖြတ်ချက်တဲ့ ကိစ္စကျွန်တော် ကိစ္စမဟုတ်ဘူး”ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က တိုင်ကြားမှုနှင့် ပတ်သက်ပြီး မဇ္ဈိမသို့ ပြောသည်။

“ ကိုယ်စားလှယ်တွေဘက် ကျွံတဲ့အပိုင်းတွေလည်း ရှိကောင်းရှိမယ်၊ သူတို့ထိန်းသိမ်းသွားတယ်၊ ပြည်သူအငြိုအငြင်မခံရအောင် ဌာနဆိုင်ရာတွေ အလွန်အကျွံစွက်ဖက်တဲ့သဘောမဖြစ်အောင် ထိန်းသွားပါတဲ့၊ ကျွန်တော့ဆီ တိုင်တာတွေ တစ်ချို့စာနဲ့ရှင်းပြတယ် ၊ တိုင်ချင်ရင် ကိုယ်စားလှယ်များတိုင်ကြားရေး တိုင်ဖို့ ပြောပြတယ် ”ဟု တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က မဇ္ဈိမသို့ပြောသည်။

“ ဧရာဝတီက သိတဲ့အတိုင်း လယ်ယာမြေနဲ့ငါးလုပ်ငန်း ဒီနှစ်ခုများတယ်။ တရားရုံးစီမံတဲ့ကိစ္စ၊ ထွေအုပ်စီမံတဲ့ကိစ္စမှာ သွားစွက်ဖက်တာမျိုးတွေမှာ တိုင်ကြားခံရတာ၊ တိုင်ကြားခံကိုယ်စားလှယ် ၁၂ဦး ရှိကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အား ကိုယ်စားလှယ်များတိုင်ကြားရေးဌာနသို့ တိုင်ကြားထားမှုများရှိပြီး ခေါ်ယူစစ်ဆေးမှုများ ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ၄၉ ဦး ရှိပြီး၊ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ကိုယ်စားလှယ် ၃ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly