တိုင်းရင်းသားဒေသပညာရေးဆိုင်ရာဖော်ဆောင်မှုနည်းလမ်းများအား တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

တိုင်းရင်းသားဒေသပညာရေးဆိုင်ရာဖော်ဆောင်မှုနည်းလမ်းများအား တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

ရန်ကုန်၊နိုဝင်ဘာ ၂၉။             ။ တိုင်းရင်းသားဒေသပညာရေးဆိုင်ရာဖော်ဆောင်မှုနည်းလမ်းများအား တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အစီရင်ခံစာနှစ်စောင်ဖြင့် Save the Children နှင့် Asia Foundation တို့က ယနေ့တိုက်တွန်းလိုက်သည်။

“ဝေးလံခေါင်ဖျားဒေသများအတွက် ပညာရေးစံနမူနာပုံစံ - KTWG Model” နှင့် The Asia Foundation ၏ “မတူကွဲပြားခြင်း၏ အင်အား- မြန်မာ့တိုင်းရင်းသားဒေသများမှ ကမ္ဘ္ဘာ့ပညာရေးဆီသို့ ” စသည့်အစီရင်ခံစာနှစ်စောင်ကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယင်းစာတမ်းများ မိတ်ဆက်ခြင်းကို နိုဝင်ဘာ ၂၉ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

“ ဝေးလံခေါင်ဖျားဒေသများအတွက် ပညာရေးစံနမူနာပုံစံ - KTWG Model အစီရင်ခံစာတမ်း ” တွင် မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်းရှိ ဝေးလံသော တိုင်းရင်းသားဒေသများရှိ ပညာရေးကွာဟမှုအပေါ် Karen Working Group (KTWG) ၏ ဆယ်စုနှစ်များစွာ လေ့လာတွေ့ရှိသော အချက်အလက်များကို  အခြေခံ၍ Save the Children မှ  ရေးဆွဲထားခြင်းဖြစ်သည်။

ထိုလေ့လာတွေ့ရှိမှုတွင် မြန်မာနိုင်ငံ၏ ပြောင်းလဲနေသော အခြေအနေများတွင် တိုင်းရင်းသားဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများကို အထောက်အကူပြုနိုင်ရန် ဆီလျော်သော စံစနစ်ကို ထည့်သွင်းထားပြီး ကျောင်းသားများ၏ သင်ယူမှု၊ ဆရာများ၏ အရည်အသွေးနှင့် တိုးတက်မှုများအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ အစရှိသည်တို့ကို အတည်ပြုထောက်ပံ့ပေးနိုင်ရန်   ပြင်ပစာပေများအား ထည့်သွင်းထားသည်။

The Asia Foundation က အစီရင်ခံတင်ပြသည့် “ မတူကွဲပြားခြင်း၏အင်အား-မြန်မာ့တိုင်းရင်းသားဒေသများမှ ကမ္ဘာ့ပညာရေး ” အစီရင်ခံစာတွင်  တိုင်းရင်းသားအခြေပြု ပညာရေးထောက်ပံ့ ကူညီသူများသည် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အလွန်အရေးကြီးပြီး နိုင်ငံ၏ ပညာရေးမျှော်မှန်းချက်များရရှိစေရန် တိုင်းရင်းသားအခြေပြုပညာရေး ထောက်ပ့ံကူညီသူများကို အစိုးရနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း လုပ်ဆောင်နေသူများမှ အရေးပါသော မိတ်ဖက်များအဖြစ် ရှုမြင်ပေးသင့်ကြောင်း ဖော်ပြထားသည်။

“ ကျောင်းသားတွေရဲ့ ပညာအရည်အချင်းကို အသိအမှတ်ပြုခံရဖို့ ကျွန်တော်တို့ လုပ်ဆောင်ရပါမယ်။ ပညာအရည်အသွေးဟာ ယုံကြည်စိတ်ချရတဲ့ အခြေအနေရှိရမှာဖြစ်ပြီး အခြေခံအားဖြင့် ပညာရေးဝန်ဆောင်မှုအားလုံးဟာ နိုင်ငံတွင်း ငွေကြေးထောက်ပံ့မှုရရှိသင့်ပါတယ် ” ဟု Save the Children Thailand မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်  Tim Murray က ဆိုသည်။    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly