ရော့ခ်တေးသီချင်းအသစ်တွေ ခံစားဖို့ အဆိုရှင် ဒီရိုင်းရဲ့ “ ဆယ်စုနှစ်အိပ်မက် ”

ရော့ခ်တေးသီချင်းအသစ်တွေ ခံစားဖို့ အဆိုရှင် ဒီရိုင်းရဲ့ “ ဆယ်စုနှစ်အိပ်မက် ”

ရော့ခ်တေးသီချင်းအသစ်တွေ ခံစားဖို့ အဆိုရှင် ဒီရိုင်းက “ ဆယ်စုနှစ်အိပ်မက် ” လို့ အမည်ပေးထားတဲ့ တေးစီးရီးအခွေကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

“ ဆယ်စုနှစ်အိပ်မက် ” မှာ ရော့်ခ်ဂီတကို ပုံဖော်ထားတာဖြစ်ပြီး တေးသီချင်း ဆယ်ပုဒ်ကို Black Smith Band နဲ့ တီးခတ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ Audio CD ကိုတော့ နိုဝင်ဘာ  ၃၀ ရက်မှာ Bo Bo အင်တာတိန်းမန့်မှ ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုရှင် ဒီရိုင်းရဲ့ “ ဆယ်စုနှစ်အိပ်မက် ” လို့ နာမည်ပေးထားတဲ့ တေးစီးရီး Audio CD စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ နိုဝင်ဘာ ၂၈ ရက်က ဗိုလ်တစ်ထောင်  ဘုရားလမ်းရှိ Orchid  ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly