ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို သတ်မှတ်ဗီဇာနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေး

ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို သတ်မှတ်ဗီဇာနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေး

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။              ။ ရန်ကုန်မြို့တွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို သတ်မှတ်ဗီဇာများနှင့် ကိုက်ညီမှုရှိမရှိကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ကြိုက်တာယူ ၅ ထောင်တန် ဆိုင်များအပါအဝင် ရွှေတောင်ဆောက် လုပ် ရေးလုပ်ငန်း၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင်ဦးအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူး၊ ရဲတပ်ဖွဲ့မှူးပါ၀င်သည့် အဖွဲ့မှ သတ်မှတ် ဗီဇာဖြင့် ညီညွတ်မှုရှိမရှိ ၀င်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးရာတွင် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ကြိုက်တာယူ ၅ ထောင်တန်ဆိုင်များသည် တရားဝင် သတ်မှတ်ဗီ ဇာ (Business Visa) ဖြင့် ကိုက်ညီမှုရှိကြောင်း ပန်းဘဲတန်းမြို့နယ် လဝက ဦးစီးမှူး ဦးစိုးမြင့်ခိုင်က ဆိုသည်။

"ဘာယူယူ ငါးထောင်ဆိုင် ကျွန်တော်တို့မြို့နယ်က ရပ်ကွက်လေးခုမှာ ခုနစ်ဆိုင်ရှိပါတယ်။ အဲ့မှာတွေ့ရှိချက်ကတော့ အဲဒီဆိုင်တွေမှာ ရှိနေတဲ့ တရုတ်လူမျိုး ၈ ယောက်က ကျွန်တော်တို့ကို တရားဝင် ဧည့်စာရင်းတိုင်ပြီး နေထိုင်တာဖြစ်ပါ တယ်။ အားလုံး စီးပွားရေးဗီဇာနဲ့ ၀င်ရောက်လာတာဖြစ်ပါတယ်" ဟု ၄င်းက ဆိုသည်။

တွေ့ရှိချက်များကို လဝက ၊ စည်ပင် ၊အခွန်ဌာနများနှင့် ပူးပေါင်းကာ အစီရင်ခံစာရေးပြီး သက်ဆိုင်ရာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးဌာနများထံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပန်းဘဲတန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦးက ပြောသည်။

"နိုင်ငံခြားသားတွေက နောက်ကွယ်ကနေပြီးတော့ နာမည်ခံခိုင်းပြီးတော့ ဆောင်ရွက်ခိုင်းတဲ့အခါမှာ ဘယ်လိုမျိုး ပြဿ နာတွေ ဖြစ်ပေါ်လာနိုင်လဲ၊ နောက် အစ်ကိုတို့နိုင်ငံရဲ့ ဆုံးရှုံးသွားနိုင်တဲ့ လုံခြံုရေးစည်းတွေ လူမှုရေးထိခိုက်မှုတွေ ဒါတွေ ကို ရှင်းပြခဲ့ပါတယ်" ဟု ဦးသန်းနိုင်ဦးက ဆိုသည်။

နိုင်ငံခြားသားများကို သတ်မှတ်ဗီဇာဖြင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးမှုကို ပန်းဘဲတန်းမြို့နယ်၌ ပထမဆုံး စတင်ဆောင်ရွက် ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်တွင်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးသန်းနိုင်ဦး၏ ပြောဆိုချက်အရ သိရ သည်။

တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို တွေ့ရှိရပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာလ ၆ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောဆိုထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly