ကျေးဇူးတော်နေ့အားလပ်ရက်မှာ ရုံဝင်ငွေ ၈၁သန်းရရှိပြီး box office ထိပ်ဆုံးကိုရောက်ရှိလာတဲ့ Moana

ကျေးဇူးတော်နေ့အားလပ်ရက်မှာ ရုံဝင်ငွေ ၈၁သန်းရရှိပြီး box office ထိပ်ဆုံးကိုရောက်ရှိလာတဲ့ Moana

Moana ဇာတ်ကားကတော့ ကျေးဇူးတော်နေ့အားလပ်ရက်တွေမှာ box office ထိပ်ဆုံးနေရာကို ချောမွေ့စွာ ရွှက်လွှင့် လို့ရောက်ရှိလာပါတယ်။

ဒစ်စနေးကုမ္ပဏီက ထုတ်လုပ်တဲ့ Moana ဇာတ်ကားဟာ ကျေးဇူးတော်နေ့ ပိတ်ရက်တွေမှာ အမေရိကန်မှာစတင်ပြသခဲ့ပြီး ခန့်မှန်းချေ ရုံဝင်ငွေဒါ်လာ ၈၁.၁သန်းရရှိခဲ့တယ်လို့ ထုတ်လုပ်သူတွေက ပြောပါတယ်။ ကမ္ဘာတစ်ဝန်း ရုံဝင်ငွေကတော့ သန်းတစ်ရာနီးပါးရရှိထားပြီးပါပြီ။

ဒီဇာတ်ကားဟာ Moana နဲ့ လူတစ်ပိုင်းနတ်တစ်ပိုင်းMaui တို့ရဲ့တောင်ပစိဖိတ်သမုဒ္ဒရာထဲက စွန့်စားခန်းတွေကို ရိုက်ကူးထားပြီးတော့ မင်းသားကြီး Dwayne Johnson (The Rock) က Maui အဖြစ်၊ မင်းသမီးသစ်လေး Auli'i Cravalho က Moana အဖြစ်နဲ့ အသံသရုပ်ဆောင်ပါ၀င်ထားကြပါတယ်။

Ref: USA Today

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags