ကျွန်တော်တို့နိုင်ငံမှာ အပြုတ်အများဆုံးက ရဲတပ်ဖွဲ့ပဲဟု ဧရာဝတီတိုင်း ရဲမှူးကြီးပြော

ကျွန်တော်တို့နိုင်ငံမှာ အပြုတ်အများဆုံးက ရဲတပ်ဖွဲ့ပဲဟု ဧရာဝတီတိုင်း ရဲမှူးကြီးပြော
ရန်ကုန်မြို့အတွင်း ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၄ခုနှစ်က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ဟောင်ဆာ၊ ရာမည)

ဧရာဝတီတိုင်းအတွင်း ၂၀၁၆ခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာ ၂၃ရက်ထိ ၁၁လနီးပါးအတွင်း ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည့် အပြစ်များအတွက် တိုင်ကြားမှုပေါင်း ၁၅၇မှုရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက မဇ္ဈိမကို ပြောသည်။

ပြစ်မှု ၁၅၇မှုကို တိုင်ကြားခံရသည့် ရဲအရာရှိပေါင်း ၁၄၉ဦးရှိပြီး အခြားအဆင့်ထဲမှ ၅၀ဦးရှိနေသည်ဟု ၎င်းက ပြောသည်။

"ကျွန်တော်ရောက်လာတော့ ပိုအရေးယူတယ်။ ဆိုင်ကယ်စီးတယ်ဦးထုပ်မစောင်းရင် အချုပ်ထဲထည့်တယ်။ ကျွန်တော်တို့ သူများထိန်းပေးတာ၊ ထိုးကြနှက်ကြရင် အချုပ်ထဲထည့်ပဲ ကျွန်တော်က တအားအရေးယူပြစ်တယ် ရဲတယောက်မှ မကျန်လည်းနေပေစေ။ ကောင်းတဲ့သူနဲ့ပဲအလုပ်လုပ်သွားမယ်၊ မကောင်းတဲ့သူနဲ့အလုပ်မလုပ်ဘူး၊ ကျွန်တော်တို့ တိုင်းပြည်မှာ အပြုတ်အများဆုံးဝန်ထမ်းက ရဲတပ်ဖွဲ့ပဲ”ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းမင်းကပြောသည်။

တိုင်ကြားခံရသည့် ရဲတပ်ဖွဲ့ဝင်များတွင် ရဲမှူး ရဦး၊ ဒုရဲမှူး၂၀ဦး၊ ရဲအုပ် ၈၉ဦး၊ ဒုရဲအုပ် ၃၂ဦးရှိပြီး၊ အခြားအဆင့်တွင် ရဲအရာခံ၂ဦး၊ ရဲတပ်ကြပ်ကြီး၈ဦး၊ ရဲတပ်ကြပ်၁၆ဦး၊ရဲဒုတပ်ကြပ်၁၂ဦးနှင့် ရဲတပ်သား၁၂ဦးအား တိုင်ကြားခံရကြောင့် တိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly