တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဟာသ ရုပ်သံစီးရီး The Brady Bunch ရဲ့ ဦးဆောင်သူ အမျိုးသမီး အဖြစ်ထင်ရှားသူ Florence Henderson ဟာ အသက် ၈၂နှစ်အရွယ်မှာပဲ ကွယ်လွန်သွားပါပြီ။
သူမရဲ့ ကိုယ်စားလှယ်အဆိုအရ လွန်ခဲ့တဲ့ကြာသာပတေးနေ့မှာ သူမဟာ လော့စ်အိန်ဂျယ်လိစ်မြို့က Cedars-Sinai ဆေးကုသမှုစင်တာမှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူမဟာ အင်ဒီယားနားတောင်ပိုင်းမှာ ၁၉၃၄ ခုနှစ်ကဖွားမြင်ခဲ့ပြီး ပြဇာတ်မင်းသမီးအဖြစ်ကနေ တီဗွီရုပ်သံ လိုင်းတက်ဆက်သူအဖြစ်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။
သူမအသက် ၁၉နှစ်မှာ Wish You Were Here လို့ခေါ်တဲ့ပြဇာတ်မှာ တစ်ခန်းတစ်လေမှ စတင်ပါ၀င်လာပြီး စင်ပေါ်ကိုစတင်ရောက်ရှိခဲ့ပါတယ်။
Ref: BBC