ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အသေးစားဖောက်ခွဲမှုပြုလုပ်သူ သံသယတရားခံကို ဖမ်းဆီးရမိ

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း အသေးစားဖောက်ခွဲမှုပြုလုပ်သူ သံသယတရားခံကို ဖမ်းဆီးရမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ။             ။ ယမန်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးအတွင်း၌ အသေးစားဖောက်ခွဲမှုပြုလုပ်သူ သံသယတရားခံကို ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ သံသယတရားခံဟု ယူဆရသူ ခင်မောင်ရွှေ(ခ)ရာကွတ် ကို သင်္ကန်းကျွန်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၄င်းနှင့်အတူ ဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများကိုပါ သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တရားခံကို စစ်မေးချက်အရ သက်သေခံပစ္စည်းများကို သင်္ကန်းကျွန်းမြို့နယ် ၊ င/တ ရပ်ကွက်၊ ဇာဝေယာလမ်းရှိ အစ္စလာမ်ဓမ္မာရုံ အုတ်တံတိုင်းအတွင်း စွန့်ပစ်ထားကြောင်း ထွက်ဆိုခဲ့ခြင်းကြောင်း သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့နောက် ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံးပြုသည့် ဆာလဖျူရစ်အက်ဆစ်ဟု ယူဆရသည့် အရည် သုံးပုံတစ်ပုံပါရှိသည့် အဖြူရောင်ပလတ်စတစ်ဘူး ၊ ဓာတုဗေဒအမှုန့်ဟု ယူဆရသည့် အဖြူရောင် အမှုန့်(၁၉၅) ဂရမ်ပါ အထုတ် ၁ ထုပ်၊ ဖောက်ခွဲမှုပြုလုပ်ရာတွင် အသုံးပြုသည့် အရှည် သုံးလက်မ၊ အချင်း လက်မဝက်ခန့်ရှိသည့် ခရမ်းရောင် အဖုံးပိတ်နှင့် သွေးနမူနာရယူရာတွင် အသုံးပြုသော Tube (၁၄)ချောင်း ၊ M အမှတ်တံဆိပ်ပါ M 150 အမျိုးအစား အနက်ရောင် ပုလင်း ရ ပုလင်းအား ရှာဖွေ့တွေ့ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly