" Uncage Your Roar " ကမ်ပိန်းကို အနုပညာရှင် သုံးဦးနှင့် စတင်မိတ်ဆက်

" Uncage Your Roar " ကမ်ပိန်းကို အနုပညာရှင် သုံးဦးနှင့် စတင်မိတ်ဆက်
 

Tiger ဘီယာရဲ့ Uncage Your Roar ကမ်ပိန်းနှင့် ပတ်သက်ပြီး  မိတ်ဆက်သည့် အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်က ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီ ကမ်ပိန်းအတွက် မြန်မာနိုင်ငံမှ အောင်မြင်တဲ့ အနုပညာရှင်တွေ ဖြစ်တဲ့ တေးသံရှင် အောင်ထက်၊ ဂရပ်ဖတီပညာရှင် အာကာကျော် နဲ့ အကပညာရှင် ဂျင်မီကိုကိုတို့နဲ့ စတင်ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ APB-ABC မှ မားကတ်တင်းဒါရိုက်တာ  Leen De Schutterက ပြောပါတယ်။

“ကျွန်မတို့က ဒီကမ်ပိန်းကို မြန်မာနိုင်ငံက တကယ့်ပါရမီရှိတဲ့ အနုပညာရှင် သုံးဦးနဲ့ လက်တွဲလုပ်ဆောင်ခဲ့ပါတယ် ” လို့ Leen De Schutter ကပြောပါတယ်။

အဆိုပါ ကမ်ပိန်းကို အောက်တိုဘာလမှာ စတင်လှုပ်ရှားခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့အတွက် ဆက်လက်လှုပ်ရှားသွားမှာ ဖြစ်ပြီး  Roar လို့ အမည်ရတဲ့ တေးသီချင်း တစ်ပုဒ်ကိုလည်း တေးသံရှင်   အောင်ထက်မှ ကိုယ်တိုင် ရေးသားသီဆိုပေးထားကြောင်းလည်း သိရပါတယ်။

“ကျွန်တော်ကို Tiger က သီချင်းရေးပေးဖို့ ပြောတော့ ပထမ ကျွန်တော်က ဘီယာအကြောင်းရေးခိုင်းတယ် ထင်နေတယ်။ နောက်မှ လူငယ်တွေရဲ့ စိတ်ဓာတ်ခွန်အားအတွက် သီချင်းရေးခိုင်းတာဆိုတော့ ကျွန်တော် အကောင်းဆုံး ရေးသားသီဆိုပေးထားပါတယ်။ ကိုယ်တိုင်လည်း ဒီကမ်ပိန်းမှာ ပါ၀င်ခွင့်ရတဲ့အတွက် ၀မ်သာပါတယ်” လို့ အောင်ထက်က ပြောပါတယ်။ အောင်ထက်ရဲ့ Roar သီချင်းကို စူပါမားကတ်တွေနဲ့ ဘီယာစတေရှင်တွေမှာ QR Code ကို စကမ်ဖတ်ပြီး  ဒေါင်းလုတ် ရယူနိုင်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly