Eleven CEO နှင့် အယ်ဒီတာချုပ် တို့၏ အာမခံ လျှောက်ထားမှုကို ၃၀ ရက်နေ့တွင် အမိန့်ချမည်

Eleven CEO နှင့် အယ်ဒီတာချုပ် တို့၏ အာမခံ လျှောက်ထားမှုကို ၃၀ ရက်နေ့တွင် အမိန့်ချမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ။           ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင် နှင့် Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏ အာမခံ လျှောက်ထားမှုကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

"ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ပတ်သက်လို့ ဥပဒေအရ အာမခံ ပေးနိုင်တဲ့အမှုဖြစ်ကြောင်း သက်သေအထောက်အထားတွေနဲ့ ရုံးတော်မှာ လျှောက်ထားခဲ့တယ်။ အဲ့ဒါနဲ့ ပတ်သက်လို့ ပေး ၊ မပေး တရားရုံးတော်က ၃၀ ရက်နေ့မှာ အမိန့်ချမယ်" ဟု အယ်ဒီတာချုပ် ဦးဝေဖြိုး၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀ရက်) နေ့တွင် တာမွေမြို့နယ်တရားရုံး၌ CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ပထမဆုံးအကြိမ် ရုံးတင်ခဲ့ခြင်းဖြစ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုတင်ဖြစ်ခဲ့ကြောင်း ၄င်းက ဆိုသည်။

ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ အာဘော်တွင် ဖော်ပြခဲ့ခြင်းနှင့် စပ်လျဉ်းပြီး Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တိုင်းအစိုးရအဖွဲ့က နိုဝင်ဘာ ၁၀ရက် နေ့က တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly