ပုသိမ်မြို့နယ် NLD ဒုဥက္ကဋ္ဌဦးစန်းရွှေအား ရပ်ကျေးဥက္ကဋ္ဌမှ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်တိုင်ကြား

ပုသိမ်မြို့နယ် NLD ဒုဥက္ကဋ္ဌဦးစန်းရွှေအား ရပ်ကျေးဥက္ကဋ္ဌမှ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်တိုင်ကြား

ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဦးဆန်းရွှေအား ဆင်မကျေးရွာအုပ်စု၊ ရပ်ကျေးဥက္ကဋ္ဌဦးအောင်ကိုလွင်မှ ငွေဆောင်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်တိုင်ကြားသဖြင့် စခန်းက ဖမ်းဆီးပြီး ၂၄ရက်နေ့ညတွင် ချုပ်ထားသည်။

လူမှုစာမျက်နှာ facebookတွင် U San Shwe အကောင့်ဖြင့်"ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး မှ ဆင်မကျေးရွာရှိ အရက်ပုန်းဆိုင်မျာအား အရက်ဆီများကို မယူမနေရ လိုက်လံဖြန့်ဖြူးနေကြောင်း၊     ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသားနောင်မယ် ပစ္စည်းဖြစ်၍ယူပေးရမည်ဟု နာမည်အလွဲသုံးစားပြုလုပ်နေပါကြောင်း၊ ECရပ်ကျေးမှ လာရောက်တင်ပြပါသည်၊ ဥက္ကဋ္ဌနှင့် ပါတီလွှတ်တော်၏ ဂုဏ်သိက္ခာကိုများစွာထိခိုက်စေပါသည်၊ အမှန်တရားဖော်ထုတ်ရှင်းလင်းရန်လိုမည်”ရေးသားဖော်ပြချက်အား ဆင်မကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုလွင်က  ငွေဆောင်ရဲစခန်းတွင်     နိုဝင်ဘာလ၂၁ရက်နေ့တွင် အမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင့် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။

နိုဝင်ဘာလ၂၄ရက်နေ့တွင် ပုသိမ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်ဒုဥက္ကဋ္ဌဦးစန်းရွှေအား ငွေဆောင်ရဲစခန်းမှ ပ၃၉/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ငွေဆောင်ရဲစခန်းစခန်းမှူးအားမီဒီယာများက မေးမြန်းရာ ပြန်လည်ဖြေဆိုခြင်းမပြု ငြင်းဆိုခဲ့သည်။ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) အမှုဖွင့်ခံရသူအား ပုသိမ်မြို့မရဲစခန်းတွင် နိုဝင်ဘာလ၂၄ရက်နေ့ညတွင် ထိန်းသိမ်းထားသည်။

အမှုတိုင်ကြားသည့် တရားလို ဆင်မကျေးရွာအုပ်ချုပ်ရေးမှူးအား တိုင်ကြားထားမှုနှင့် ပတ်သက်ပြီး ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူးမရှိကြောင်း ပြန်လည်ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ပတ်သက်ပြီး ကန့်ကွက်မှုများအား ရန်ကုန်၊ နေပြည်တော် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly