၂၀၁၇ နွေရာသီမှာ ဝမ်ဘလေ အားကစားကွင်း၌ ဖျော်ဖြေမည့်အကြောင်း Adele ကြေညာ

၂၀၁၇ နွေရာသီမှာ ဝမ်ဘလေ အားကစားကွင်း၌ ဖျော်ဖြေမည့်အကြောင်း Adele ကြေညာ

နာမည်ကျော် ပေါ့ပ်အဆိုတော် Adele ဟာ သူမရဲ့ ပေါင်ငွေမီလီယံပေါင်းများစွာ ရရှိနေတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကိုလာမည့်   နွေရာသီမှာဝမ်ဘလေ အားကစားကွင်းတွင်   ဖျော်ဖြေရင်းအောင်မြင်စွာ အဆုံးသတ်မည် ဖြစ်ကြောင်းကို ကြေညာလိုက်ပါတယ်။

သူမဟာ ဒီအကြောင်းကို အင်စတာဂရမ်မှာ Three Lions သံစဉ်သီချင်းနဲ့ Match of the Day သံစဉ်သီချင်းတို့ကို သီဆိုထားတဲ့ ဗီဒီယိုဖိုင်ကို တင်ရင်းကြေညာခဲ့ပါတယ်။

နိုင်ဝင်ဘာလ ၃၀ရက်နေ့မှာ သူမရဲ့ ပရိတ်သတ်အဖွဲ့ဝင်တွေကို လက်မှတ်စတင် ရောင်းချပေးမှာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ပုံမှန်လက်မှတ် ရောင်းချခြင်းများကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags