၈၈ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီး NLD ကိုယ်စားပြု အဖြစ် တောင်ဥက္ကလာမှ ရွေးကောက်ပွဲဝင် ရန်လျာထား

၈၈ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီး NLD ကိုယ်စားပြု အဖြစ် တောင်ဥက္ကလာမှ ရွေးကောက်ပွဲဝင် ရန်လျာထား
ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေး လူထုဟောပြောပွဲတွင်    ၈၈ ကျောင်းသားခေါင်းဆောင်  ဦးကိုကိုကြီး မိန့်ခွန်းပြောစဉ်။ ဓါတ်ပုံ - မဇ္စျိမ

ရန်ကုန် ဇူလိုင် ၁၈ ။     ။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင့်လူ့အဖွဲ့အစည်းမှ  ၈၈ ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ၂၀၁၅ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုကာ တောင်ဥက္ကလာမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် ရန်တင်ပြထား သည်ဟု အရံဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်ဖြူဖြူသင်းက ဇူလိုင် ၁၈ရက်တွင် မဇ္ဈိမကိုပြောသည်။

၎င်းက  "ပါတီကအရင် တောင်ဥက္ကလာမှာ ဦးကိုကိုကြီးဝင်ဖို့လျာထားတယ်၊ ကျွန်မက အရင်အဲဒီက ဝင်ဖို့လျာထား လိုက်သေး တယ်။ ဒါပေမယ့် အခုတော့ မင်္ဂလာတောင်ညွှန့်ကပဲ ပြန်ဝင်ဖို့ပါတီက လျာထားတယ်လို့ သိထားတယ်၊နောက်ဆုံး အဖြေတော့ ကော်မရှင်ကိုတင်ပြီးတဲ့ ၈ရက်နေ့မှပဲ သိရမယ်" ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကိုကိုကြီးခေါင်းဆောင်သော ၈၈ငြိမ်း/ပွင့်အဖွဲ့ဝင်များဖြစ်သည့် ဒေါ်သက်သက်အောင်၊ ဒေါ်မီးမီး၊ ဦးဇော်မင်း၊ ဦးပဏ္ဍိတ်ထွန်း တို့အပါအဝင် အချို့က ရွေးကောက်ပွဲဝင်ရန် လျားထားခြင်းဖြစ်သည်။

ယင်းတို့ထဲမှ ဦးကိုကိုကြီးဝင်ရောက်မည့် မဲဆန္ဒနယ်ကိုသာ သိရှိရသေးပြီး ကျန်သူများ ဝင်ရောက်မည့် မဲဆန္ဒနယ်များ ကိုမူမသိ ရှိရသေးပေ။

၈၈ငြိမ်း/ပွင့်မှ ဦးကိုကိုကြီးပါဝင်သော်လည်း တစ်ခြားခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ ဦးဂျင်မီ၊ ဦးမြအေး တို့မှာမူရွေးကောက် ပွဲဝင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြားသိထားခြင်း မရှိသေးကြောင်း ဒေါ်ဖြူဖြူသင်း ကပြောသည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများ စာရင်းကို ဇူလိုင်လ ၂၀ရက်မှ သြဂုတ်လ ၈ရက်အတွင်း တင်ပြကြရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly