ရန်ကုန်မြို့တွင်းက အသုံးမပြုတော့သည့် ရဲကင်းများနှင့် တယ်လီဖုန်းရုံများကို ဖယ်ရှားသွားမည်

ရန်ကုန်မြို့တွင်းက အသုံးမပြုတော့သည့် ရဲကင်းများနှင့် တယ်လီဖုန်းရုံများကို ဖယ်ရှားသွားမည်
ဓာတ်ပုံ-ရဲနိုင်(လောက်ကိုင်)

ရန်ကုန် ၊နိုဝင်ဘာ ၂၂ ။             ။ ရန်ကုန်မြို့တွင်းက အသုံးမပြုတော့သည့် ယာဉ်ထိန်းရဲကင်းများနှင့် လမ်းဘေးတယ်လီဖုန်းရုံးများကို သက်ဆိုင် ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ဖယ်ရှားသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောသည်။

"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လမ်းဘေး တယ်လီဖုန်းရုံတွေဆို ဆက်သွယ်ရေးဌာန ၊ ယာဉ်ထိန်းရဲကင်းတွေကို သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပြီးတော့ ရှင်းလင်းဖျက်သိမ်း သွားဖို့ ရှိနေပါတယ်" ဟု ပြောသည်။

နိုဝင်ဘာ ၂၂ ရက်နေ့၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး၏ မေးမြန်းမှုကို ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးအစား ဦးမြင့်သောင်းမှ အထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly