ဇာတ်ကားသစ် “Allied” အတွက် Brad Pitt နှင့် Cotillard တို့ ကော်ဇောနီပေါ်သို့ ရောက်ရှိ

ဇာတ်ကားသစ် “Allied” အတွက် Brad Pitt နှင့် Cotillard တို့ ကော်ဇောနီပေါ်သို့ ရောက်ရှိ

ဟော်လိ၀ုဒ်သရုပ်ဆောင်မင်းသား Brad Pitt နဲ့ သူ့ရဲ့တွဲဖက်သရုပ်ဆောင် ပြင်သစ်မင်းသမီး Marion Cotillard တို့ဟာ သူတို့ရဲ့ဇာတ်ကားသစ် “Allied”နဲ့အတူ ဥရောပကို ရောက်ရှိလာခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ခံ ဇာတ်ကား ကို လာရောက်ကြော်ငြာခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် Pitt ဟာ သူ့ရဲ့သားသမီးတွေရှေ့မှာ စိတ်ချုပ်တည်းနိုင်မှုမရှိခဲ့ဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက Jolie နဲ့ကွဲခဲ့ပြီးနောက်ပိုင်းတစ်လျှောက်လုံး သိုသိုသိပ်သိပ်   နေနေခဲ့တာပဲဖြစ်ပါတယ်။

ဒီလအစောပိုင်းတုန်းက သူ့ကို ကလေးသူငယ်နှိပ်စက် ညှင်းပန်းမှုနဲ့စွပ်စွဲခံထားရတဲ့ စွပ်စွဲချက်တွေကို ဖယ်ရှားအပြီးမှာပဲ  “Allied” ဇာတ်ကားအတွက် Los Angeles မှာပြုလုပ်တဲ့ ပရိတ်သတ်နဲ့တွေ့ဆုံပွဲကို Pitt ဟာတက်ရောက်ခဲ့ပါသေးတယ်။

ဒီဇာတ်ကားမှာ Pitt ဟာ ကနေဒါလူမျိုး ထောက်လှမ်းရေးအရာရှိ Max Vatan အဖြစ်သရုပ်ဆောင်ပါ၀င်ထားပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ပဲရစ်မှာ ပြုလုပ်တဲ့ ရုပ်ရှင်အထူးပြပွဲကို မင်းသမီး Cotillard နဲ့အတူတက်ရောက်ခဲ့ကာ သူ့ရဲ့ပရိတ်သတ်တွေက သူ့ကို အားပေးခဲ့ပြီး လက်မှတ်ထိုးပေးဖို့ ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags