မူဆယ်မြို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၆၀၀ ကျော်လာ

မူဆယ်မြို့တွင် စစ်ဘေးရှောင်ပြည်သူ ၂၆၀၀ ကျော်လာ
Photo-State Counsellor Office Information Committee

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။          ။ မူဆယ် ၁၀၅ မိုင်အနီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အချို့ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများမှ မူဆယ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့လာသူ ဒေသခံ ၂၆၀၀ ကျော်သွားပြီဖြစ်ကြောင်း မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှ သိရသည်။

“ အခုအချိန်ထိ စစ်ဘေးရှောင်က ၂၆၃၆ ပေါ့ ၊ ၂၀၀၀ ကျော်သွားပြီ “ ဟု မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှ အမည် မဖော်လိုသူ အဆင့်မြင့် အရာရှိတစ်ဦးက ပြောဆိုသည်။

တိမ်းရှောင်လာသူများကို မူဆယ်မြို့ပေါ်ရှိ နမ့်ခွန်ဘုန်းကြီးကျောင်း၊ ရွှေသမင်ကျောင်း၊ မဟာဝန်မြောက်ကျောင်း နှင့် ကုန်သည်ကြီးများအသင်း အစရှိသည့် မြေနေရာကျယ်ဝန်းသည့်နေရာ ၆ နေရာခန့်တွင် ကူညီနေရာချထား ကြောင်းသိရသည်။

“  ၂၀၀၀ တော ့ကျော်သွားပြီခင်ဗျ လောလောဆယ်တော့ မူဆယ်မှာရှိတဲ့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေက ကူညီထားတယ်လေ “ ဟု မူဆယ်မြို့ရှိ တနင်္ဂနွေဆွမ်းလောင်း ပရဟိတအသင်းမှ ကိုဇော်မင်းမောင်ကဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစတင်ပြီး နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းထိ လူ ၁၀၀၀ ခန့် တိမ်းရှောင်လာရာမှ နာရီပိုင်းအတွင်း မူဆယ်စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၁၅၀၀ ခန့် တိုးလာခဲ့ခြင်းလည်းဖြစ်သည်။

တိုက်ပွဲများကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာ ရထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ် ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၀ ရက်၊ မနက် ၃နာရီမှစတင်ကာ တပ်မတော်နှင့် ကရင်လက်နက်ကိုင်အဖွဲ့(KIA) ၊ တအောင်း/ ပလောင် လက်နက်ကိုင်အဖွဲ့ (TLNA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့  (MNDAA) တို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ပြည်သူအများအပြားဒဏ်ရာရှိထားပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly