အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ

အစိုးရသက်တမ်းအတွင်း ပထမဆုံးအဖြစ် ဒုဝန်ကြီးတစ်ဦးအား တာဝန်မှရပ်စဲ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းအား တာဝန်မှရပ်စဲလိုက်ကြောင်း နိုဝင်ဘာ ၁၉ရက်ထုတ်၊ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

နိုု်င်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်/၂၀၁၆ဖြင့် တာဝန်မှရပ်စဲကြောင်း ကြေငြာလိုက်ခြင်းဖြစ်ပြီး အစိုးရသစ်သက်တမ်း(၈)လကျော်အတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် တာဝန်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။

သမ္မတရုံး၏ အမိန့်ထုတ်ပြန်ချက်တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်သည်” ဟူ၍ ပါရှိသည်။

အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)တွင် “ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှ ရပ်စဲရမည်” ဟူ၍ ပြဌာန်းထားသည်။

ဒေါက်တာထွန်းဝင်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၆ဖြင့် သမ္မတဦးထင်ကျော်က မေလ ၂ရက်တွင် စတင်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာထွန်းဝင်းသည် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ ဇာတိဖြစ်ပြီး စိုက်ပျိုးရေးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာအောင်သူက တာဝန်ယူထားသည်။

 

အစိုးရသစ် လက်ထက်မှာ ပထမဆုံး ရာထူးက ထုတ်ပယ်ခံလိုက်ရတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းနှင့် မဇ္ဈိမတို့ အသေးစိတ် အင်တာဗျူးကို ပြန်လည် ဖေါ်ပြလိုက်ပါတယ်။

-----------------------------------------

"စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်တွေ နိုင်ငံခြားတင်ပို့မှုကို ခံစစ်ကနေ တိုက်စစ်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းမယ်" ဆိုတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းနှင့် အသေးစိတ်တွေ့ဆုံမေးမြန်းမှု

အင်တာဗျူး အပြည့်အစုံကို http://www.mizzimaburmese.com/article/14616 နဲ့ http://www.mizzimaburmese.com/article/14657 တွေမှာ ဖတ်နိုင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags