ရခိုင်တိုက်ခိုက်မှုတွင် ပါ၀င်သည်ဟု ယူဆရသူ ၁၄ဦး ထပ်မံ ဖမ်းဆီးရမိ စုစုပေါင်း ၃၁၆ဦးရှိလာ

ရခိုင်တိုက်ခိုက်မှုတွင် ပါ၀င်သည်ဟု ယူဆရသူ ၁၄ဦး ထပ်မံ ဖမ်းဆီးရမိ စုစုပေါင်း ၃၁၆ဦးရှိလာ

ရန်ကုန်၊နိုဝင်ဘာ ၁၈ ။              ။ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများတွင်ပါ၀င်သည်ဟု ယူဆရသည့် မသင်္ကာသူ ၁၄ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း မသင်္ကာသူ ၅၉ ဦး ဖမ်းဆီးရမိခဲ့ပြီး ၁၇ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိသူ ၁၄ ဦး အပါအဝင်  မောင်တောတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးရမိသူ ၃၁၆ ဦးထိ ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင်  သက်ကိုင်ညာကျေးရွာတွင် မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဒီမိုဟာမတ် (၃၃) နှစ် (ဘ) မိုဆာအာလီ ပါ (၅) ဦးအား ဖမ်းဆီး ရမိခဲ့ပြီး နံနက် ၁၁ နာရီ ၅ မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ၀က်ပြင်ကျေးရွာ၌ မသင်္ကာသူ ဆွေယော့ကာဆင် (၃၆) နှစ် (ဘ) မာမတ်ကော်ရိပ် ပါ (၃) ဦးအား ဖမ်းဆီးရမိကာ  နံနက် ၁၁ နာရီခွဲတွင် ပွင့်ဖြူချောင်းကျေးရွာနေ မသင်္ကာသူ မိုဟာမတ် အယ်ကရုန် (၃၅) နှစ် (ဘ) ဆာဘစ်ဟူဆိန်း ပါ (၆) ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှ နို၀င်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ  ၆၉ ဦး သေဆုံးခဲ့ပြီး တပ်မတော်မှ ရ ဦးကျဆုံးကာ ရဲတပ်ဖွဲ့မှ ၁၀ ဦးကျဆုံးထားပြီး အိမ်ခြေ ၁၈၅လုံး ပျက်စီးကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly