ရခိုင်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၅၉ ဦး ထပ်မံဖမ်းဆီးရမိ စုစုပေါင်း ၃၀၂ ဦးထိရှိ

ရခိုင်တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၅၉ ဦး ထပ်မံဖမ်းဆီးရမိ စုစုပေါင်း ၃၀၂ ဦးထိရှိ
Photo-State Counsellor Office Information Committee

ရခိုင်တွင်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုတွင်ပါ၀င်သည်ဟု ယူဆရသည့် မသင်္ကာသူ ၅၉ဦး ကိုထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ဖမ်းဆီးရမိသူ ၃၀၂ ဦးထိရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ   ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်မှ မဇ္စျိမသို့ ပြောသည်။

“ ဖမ်းမိကအရင် ၂၄၃ ရှိတယ် အဲ့ဒီ့မှာ ဒီနေ့ဖမ်းမိတာနဲ့ ဆိုရင် ၅၉ထပ်ပေါင်းရမှာပေါ့ “ ဟုဦးရဲနိုင်မှပြောသည်။

မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဂွဆုံကျေးရွာ၊ ဒါးကြီးဇား ကျေးရွာများသို့ နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးတစ်ဦး ဦးဆောင်သည့် အဖွဲမှ နယ်မြေ ရှင်းလင်းမှုများဆောင်ရွက်စဉ်  တိုက်ခိုက်သူများဟု ယူဆရသော မသင်္ကာသူ ၅၉ ဦးအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး   ကော်မတီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိထားသူများကို အမှတ်(၄) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံးတွင်ခေတ္တထိန်းသိမ်းထား ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှ နို၀င်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ်ပေါင်း ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ  ၆၉ ဦး သေဆုံးကာ ၃၀၂ ဦး ဖမ်းဆီးရမိထားခြင်းဖြစ်သည်။ မောင်တောမြို့နယ်တွင်းရှိ တိုက်ခိုက်မှုများကြောင့် တပ်မတော်မှ ရ ဦးကျဆုံးကာ ရဲတပ်ဖွဲ့မှ ၁၀ ဦးကျဆုံးထားပြီး အိမ်ခြေ ၁၈၅လုံး ပျက်စီးကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly