Noah Cyrus ကတော့သူ့ အမဖြစ်သူ လျှောက်တဲ့လမ်းအတိုင်း လိုက်လျှောက်ပါတော့မယ်။ Miley Cyrus ရဲ့ ၁၆နှစ်အရွယ်ညီမဖြစ်သူလေးဟာ သူမရဲ့ပထမဦးဆုံး သီချင်းအသစ်တပုဒ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထွက်ရှိခဲ့ပြီး သူမအရွယ်ရောက်ပြီဆိုတာကို ပြသခဲ့ပါတယ်။
သူမရဲ့ သီချင်းဖြစ်တဲ့ “Make Me Cry” မှာ အဆိုတော် သီချင်းရေးဆရာ Labrinth က ကူညီသီဆိုပေးထားပြီး အဆိုပါသီချင်း ပိုစတာဓာတ်ပုံကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ကာသူမရဲ့ သီချင်းအသစ် ထွက်ရှိလာခြင်းအပေါ်မှာ ပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်။
သူမဟာ Ponyo ဆိုတဲ့ နာမည်ကျော်ကာတွန်းဇာတ်ကားလေးရဲ့ အင်္ဂလိပ်စကားပြောဗားရှင်းထဲမှာလည်း အသံသရုပ်ဆောင်ပါဝင်ထားခဲ့ဖူးပါတယ်။
Ref: Fox News