Miley Cyrus ရဲ့ညီမဖြစ်သူ Noah Cyrus ရဲ့ ပထမဦးဆုံး ပွဲဦးထွက် သီချင်း ထွက်ရှိ

Miley Cyrus ရဲ့ညီမဖြစ်သူ Noah Cyrus ရဲ့ ပထမဦးဆုံး ပွဲဦးထွက် သီချင်း ထွက်ရှိ

Noah Cyrus ကတော့သူ့ အမဖြစ်သူ လျှောက်တဲ့လမ်းအတိုင်း လိုက်လျှောက်ပါတော့မယ်။ Miley Cyrus ရဲ့ ၁၆နှစ်အရွယ်ညီမဖြစ်သူလေးဟာ သူမရဲ့ပထမဦးဆုံး သီချင်းအသစ်တပုဒ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထွက်ရှိခဲ့ပြီး သူမအရွယ်ရောက်ပြီဆိုတာကို ပြသခဲ့ပါတယ်။

သူမရဲ့ သီချင်းဖြစ်တဲ့ “Make Me Cry” မှာ အဆိုတော် သီချင်းရေးဆရာ Labrinth က ကူညီသီဆိုပေးထားပြီး အဆိုပါသီချင်း ပိုစတာဓာတ်ပုံကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ကာသူမရဲ့ သီချင်းအသစ် ထွက်ရှိလာခြင်းအပေါ်မှာ ပျော်ရွှင်မိကြောင်း ပြောခဲ့ပါတယ်။

သူမဟာ Ponyo ဆိုတဲ့ နာမည်ကျော်ကာတွန်းဇာတ်ကားလေးရဲ့ အင်္ဂလိပ်စကားပြောဗားရှင်းထဲမှာလည်း  အသံသရုပ်ဆောင်ပါဝင်ထားခဲ့ဖူးပါတယ်။

Ref: Fox News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags