တရုတ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း Psy ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိ

တရုတ်တွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း Psy ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိ

တောင်ကိုရီးယား ရက်ပ်အဆိုတော် Psy သည် တရုတ်နိုင်ငံတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သော်လည်း ဒဏ်ရာမရရှိ ခဲ့ကြောင်း ၎င်း၏ အေဂျင်စီက ဇူလိုင် ၁၇ ရက်တွင် ပြောကြားသည်။

Gangnam Style တေးသီချင်းဖြင့် ကျော်ကြားခဲ့သော Psy သည်  ဇူလိုင် ၁၆ ရက်၊ ညနေ ၃ နာရီ အချိန်က ယာဉ်ကို ညာဘက်ကွေ့လိုက်ချိန်၌ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  YG Entertainment  အေဂျင်စီ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Psy သည် ရှန်ဟိုင်းမြို့တောင်ဘက် Hangzhou မြို့တွင် ကျင်းပပြုလုပ်သော ပါတီပွဲသွားစဉ် လမ်းတွင် ယာဉ်မတော်တဆမှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

Psy ကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားခဲ့ ကြောင်းနှင့် ယာဉ် မတော်တဆမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက် ၃၈ နှစ်အရွယ် Psy နှင့်အတူ ၎င်း၏ မန်နေဂျာနှင့် ဒေသတွင်း အလုပ်သမားတစ်ဦး တို့ အတူလိုက်ပါသွားသည်။ Psy သည် ဇူလိုင် ၁၇ ရက်တွင် ပေကျင်းမြို့သို့ သွားရောက်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags