အိုက်တင် မလုပ်တက်တာကြောင့် ပရိသတ်ရှေ့ သိပ်မထွက်တာလို့ ဆိုတဲ့ ဟေမာနေဝင်း

အိုက်တင် မလုပ်တက်တာကြောင့် ပရိသတ်ရှေ့ သိပ်မထွက်တာလို့ ဆိုတဲ့ ဟေမာနေဝင်း

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ။             ။ ဂီတဖျော်ဖြေပွဲတွေရဲ့ စင်ပေါ်မှာ တွေ့ရနည်းတဲ့ အဆိုတော် ဟေမာနေဝင်းက ပရိသတ်ကို ဖျော်ဖြေတဲ့အခါ အိုက်တင်တွေမလုပ်တက်၊ ဖက်ရှင်ပိုင်းကို မပြင်ဆင်တက်တာကြောင့် ရှိုးပွဲ ပရိသတ်နဲ့ အခုလို ဝေးကွာနေရခြင်းဖြစ်တယ်လို့ သိရ ပါတယ်။

“မမက အဖေ့ကြောင့် နာမည်ကြီးလာတယ်။ နောက်ပြီး ပရိသတ်ကလည်း အားပေးတော့ အဆိုတော်ဖြစ်လာတယ်ပေါ့။ ဒါပေမယ့် မမ စင်ပေါ်တက်ဖို့ ဖျော်ဖြေဖို့အတွက် ပါဖောမန့်စ် ပိုင်းတွေရော၊ နောက် အဝတ်အစားအပိုင်းတွေမှာရော ပြင် ဆင်နိုင်ဖို့က အားနည်းတယ်လို့ထင်တယ်” လို့ ပြောပါတယ်။

အဆိုတော်တစ်ယောက် ဂီတဖျော်ဖြေပွဲစင်ပေါ်တက်ဖို့အတွက် ပြင်ဆင်ရမှာတွေက အရမ်းများပြီး အဆိုပိုင်သာမက၊ ဖျော်ဖြေရေး၊ ၀တ်စားဆင်ယင်ပုံနဲ့ တာဝန်ယူမှုတွေ များလွန်းတယ်လို့ ဟေမာနေဝင်းက ဆိုပါတယ်။

“မမကိုယ်တိုင်ကလည်း စင်ပေါ်သိပ်မတက်ချင်ဘူး။ လွယ်တဲ့ အလုပ်လည်း မဟုတ်ဘူးလေ။ သီချင်းက ဆိုချင်တယ် ဒါ ပေမယ့် ပရိသတ်ကို အိုက်တင်လုပ်ပြီး ဖျော်ဖြေဖို့ကျတော့ မမလည်း မလုပ်တက်ဘူး။ ဒါ့ကြောင့် စတိတ်ရှိုးတွေမှာ သိပ်မ ဆိုဖြစ်တာပါ” လို့ ဟေမာနေဝင်းက ပြောပါတယ်။

လက်ရှိမှာ ယခုလအတွင်း သူငယ်ချင်းလေးယောက်နဲ့ ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်မှာဖြစ်ပြီး ဦးသိန်းတန်(မြန်မာပြည်)နဲ့ အတူ တေးသီချင်းအဟောင်းတွေကို ပြန်လည်သီဆိုထားတဲ့ အတွဲခွေတစ်ခွေလည်း ပြုလုပ်နေပြီး နောက်လေးလအ ကြာမှာ ထွက်ရှိမှာ ဖြစ်တယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly