ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ယနေ့ စစ်တွေသို့ သွားမည်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ယနေ့ စစ်တွေသို့ သွားမည်
ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့် သူ၏ အဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၅ ။                      ။ ရခိုင်ပြည်နယ်ရေးရာ အကြံပေးကော်မရှင် အနေနဲ့ ယနေ့(နိုဝင်ဘာ ၁၅ရက်)နေ့က စပြီး နှစ်ရက်တာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်မည်ဖြစ်ကြောင်း   ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဟာဂျီဦးအေးလွင်က မဇ္စျိမသို့ ပြောသည်။

ပဋိပက္ခဖြစ်ပွားရာနေရာဖြစ်သည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့သို့ သွားရောက်ရန် ဆုံးဖြတ်ထားခြင်းမရှိသေး ကြောင်း ၄င်းက ဆိုသည်။

"အဲ့ဒါတော့ ဟိုရောက်မှ နယ်မြေအာဏာပိုင်တွေနဲ့ မေးကြည့်ပြီး ဆုံးဖြတ်ပါ့မယ်" ဟု ဦးအေးလွင်က ပြောသည်။

ယခု ခရီးစဉ်၌ ကော်မရှင် ခေါင်းဆောင်ဖြစ်သည့် မစ္စတာကိုဖီအာနန် လိုက်ပါခြင်း မရှိသော်လည်း နယ်သာလန်သံ အမတ်ဟောင်း မစ္စလက်တီတီရာဗန်ဒန်အာဆမ်က ဦးဆောင်သွားမည် ုဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က မစ္စတာ ကိုဖီအာနန်ဦးဆောင်၍  ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သေးသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာ နက ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်ဟောင်း ကိုဖီအာနန်က တာဝန်ယူကာ ထင်ရှားတဲ့ နိုင်ငံတကာနှင့် ပြည်တွင်းက တတ်သိပညာရှင်တွေ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly