နီပေါနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီးများမှ ဖြူးမြို့တွင် လူနာ ရ၀၀ခန့်ကို ခွဲစိတ်ကုသပေး

နီပေါနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီးများမှ ဖြူးမြို့တွင် လူနာ ရ၀၀ခန့်ကို ခွဲစိတ်ကုသပေး

ပဲခူး၊ နိုဝင်ဘာ ၁၄ ။             ။ နီပေါနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီး Dr. Sanduk ruit အပါအဝင် ဆရာဝန် ၆ ဦးမှ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင်  ၄ ရက်အတွင်း မျက်စိဝေဒနာရှင် ရ၀၀ ခန့်ကို ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း မျက်စိခွဲစိတ်ရေးဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးသိန်းဝင်းကပြောသည်။

“ ဒီက ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်မှာ တစ်ရက်ကို ၂၀၀ လောက်ခွဲမယ်လို့ သတ်မှတ်ထားတယ် “ဟု ဦးသိန်းဝင်း က ဆိုသည်။

လက်ရှိတွင် နီပေါနိုင်ငံမှ ဆရာဝန်ကြီး ရ ဦးအပြင် ရန်ကုန်ဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန် ရ ဦးတို့သည် မျက်စိ ဝေဒနာရှင်များကို အခမဲ့ကုသပေးလျှက်ရှိသည်။

စတင် ခွဲစိတ်ပေးသည့် နိုဝင်ဘာ ၁၂ ရက်တွင် မီးအားမမှန်ခြင်းနှင့် ခွဲစိတ်ခန်းအဆင်မပြေမှု အချို့ဖြစ်ပေါ်ခဲ့သည့်အ တွက် သတ်မှတ်ဦးရေမပြည့်ဘဲ ၁၂၉ ဦးသာ ခွဲစိတ်ပေးနိုင်ခဲ့ကြောင်း မျက်စိခွဲစိတ်ရေး ဖြစ်မြောက်ရေးကော်မတီ မှသိရသည်။

“ ဒီနေ့ကတော့ မှန်းထားတဲ့ ၂၀၀ တော့ ကျိန်းသေပြီးလောက်မှာပါ “ ဟု ဦးသိန်းဝင်းက ပြောသည်။

မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံသည် ယဉ်ကျေးမှုအရ တူညီမှုများရှိနေပြီး နီပေါလူမျိုးများသည် မြန်မာလူမျိုးများနှင့် နီးစပ်မှု များရှိခြင်းကြောင့် ယခုကဲ့သို့ မျက်စိဝေဒနာရှင်တွေကို လာရောက် ကုသပေးခြင်း   ဖြစ်သည်ဟု နီပေါနိုင်ငံမှ မျက်စိအထူး ကု ဆရာဝန်ကြီး Dr.Sanduk ruit ကပြောသည်။

“ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဏ္ဍက နေပြီးတော့ အရည်အသွေးကောင်းမွန်ပြီး လူတိုင်းကို ပိုက်ဆံမရှိလို့မကုနိုင်တာ မျိုးမရှိ အောင် လုပ်ပေးနိုင်ဖို့အထိ ရည်ရွယ်ချက်ရှိတယ် “ ဟု Dr.Sanduk ruit က   ပြောသည်။

အဆိုပါ နီပေါနိုင်ငံမှ မျက်စိအထူးကု ဆရာဝန်ကြီး Dr.Sanduk ruit သည် မြန်မာနိုင်ငံတွင် ၄ ကြိမ်မြောက် လာရောက် ကု သပေးခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၂ မှ ၁၅ ရက်ထိ ၄ ရက်အတွင်း လူနာ ရ၀၀ ကျော် ကို ခွဲစိတ် ကုသပေးသွား မည်ဖြစ်သည်။

နိုင်ငံ ၁၅ နိုင်ငံခန့်တွင် မျက်စိအခမဲ့ ခွဲစိတ်ပေးခြင်းများဖြင့် အကျိုးပြုနေပြီး ကမ္ဘာတစ်ဝှမ်းမှ မျက်စိဆရာဝန် ၅၀၀ ခန့်ကို လည်း နီပေါနိုင်ငံသို့ ခေါ်ယူပြီး မျက်စိအထူးကု ဆရာဝန်ကြီး Dr. Sanduk ruit က သင်တန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ မျက်စိကုသရေးကို ဟိန္ဒူကလျာဏအသင်းမှ သိန်း ၁၅၀ ခန့်အကုန်အကျခံပြုလုပ်ပေးခြင်းဖြစ်ပြီး နီပေါနိုင် ငံမှ ဆရာဝန်ကြီးများကည်း မျက်စိခွဲစိတ်ရေး ပစ္စည်းကိရိယာများ ကူညီခွဲစိတ်   ပေးခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly