သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းပေးရန် Eleven စာပို့

သတင်းမီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းပေးရန် Eleven စာပို့

ရန်ကုန် ၊နို၀င်ဘာ ၁၂ ။                ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ကိစ္စအား ကြားဝင် ညှိနှိုင်းပေးရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ Eleven Media က စာပို့တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌထံသို့ လိပ်မူပြီး Eleven Media Group မန်နေးဂျင်းဓါရိုက်တာက လက်မှတ် ရေးထိုးကာ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ဥပဒေက သတ်မှတ်ထားတဲ့ဘောင်အတွင်းက အတတ်နိုင်ဆုံး ညှိနှိုင်းပေးသွားမှာပါ" လို့ ဦးအောင်လှထွန်း က ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့ Daily Eleven သတင်းစာပါ " ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတလုံး ပေးခဲ့ကြောင်း အယ်ဒီတာ အာဘော်နှင့်ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့က Eleven မီဒီယာဂရု၏ အ မှုဆောင်အရာရှိ ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တာမွေမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အမှုဖွင့်အရေးယူခဲ့ခြင်းကြောင့် လက်ရှိတွင် ဒေါက်တာသန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့အား အင်းစိန်အကျဉ်း ထောင်တွင် ဖမ်းစီးချုပ်နှောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly