ရခိုင်တွင် တပ်နှင့် အုပ်ချုပ်ရေးပိုင်းမှ မြေသိမ်းမှု ရ၅ ရာခိုင်နှုန်းခန့် ရှိဟုဆို

ရခိုင်တွင် တပ်နှင့် အုပ်ချုပ်ရေးပိုင်းမှ မြေသိမ်းမှု ရ၅ ရာခိုင်နှုန်းခန့် ရှိဟုဆို
ဇူလိုင် ၁၇ ရက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ။  ဓါတ်ပုံ- ၈၈ ငြိမ်း/ပွင့် ဖေ့စ်ဘွတ်

ရန်ကုန် ဇူလိုင် ၁၇ ။    ။ ရခိုင်ပြည်နယ်တွင် တပ်နှင့် အုပ်ချုပ်ရေးပိုင်းမှ မြေသိမ်းယူမှု အများဆုံးဖြစ်ပြီး ၇၅ ရာခိုင်နှုန်းခန့် သိမ်းယူ ထားသည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း၊ လယ်ယာစီးပွားနှင့်တောင်သူ လယ်သမားရေးရာဌာနမှ တာဝန်ခံ ဦးထွန်းမြင့်အောင်က ပြောသည်။

ဇူလိုင် ၁၇ရက်က ရန်ကုန်မြို့ရှိ  ၈၈မျိုးဆက် ငြိမ်း/ပွင့် ရုံးခန်းတွင်ပြုလုပ်သည့် “ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ကြားမြင်ခဲ့ရ သည့်မြေယာပြဿနာများသုံးသပ်တင်ပြခြင်း”စာနယ်ဇင်းရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းမြင့်အောင်က ” ရခိုင်ကို ကျွန်တော်တို့အဖွဲ့က လယ်ယာမြေကိစ္စနဲ့ပတ်သက်ပြီး သွားရောက် ကွင်းဆင်းရာမှာ စစ်တပ်က သိမ်းထားတာက ၅၀ရာခိုင်နှုန်းလောက်ရှိနေပြီး အုပ်ချုပ်ရေးပိုင်းက ၂၅ ရာခိုင်နှုန်းကျော်ရှိတယ။ တပ်နဲ့ အုပ်ချုပ်ရေးပိုင်းပေါင်း ရင်တော့၇၅ ရာခိုင်နှုန်းလောက်ကို ရခိုင်မှာ သိမ်းထားတယ် ”ဟုဆိုသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း အနေဖြင့် ကွင်းဆင်းလေ့လာမှုတွင် မြေယာ ပြဿနာပေါင်း ၈၀ကျော်တွေ့ ရှိရပြီး တပ်သိမ်း ၃၄မှု၊ အုပ်ချုပ်ရေးပိုင်းသိမ်း ၂၁မှု၊ ကုမ္ပဏီသိမ်းမှု ၉မှု၊ ဝန်ကြီးဌာနသိမ်းမှု ၅မှု၊ စီးပွာေးရးလုပ်ငန်းရှင်သိမ်းမှု ၁မှု၊ လယ်မြေအငြင်းပွားမှု ၂မှု၊အရာရှိ များ၏ ဇနီးများ၏ မြေသိမ်းမှု ၂မှု၊ ရဲစခန်းသိမ်းမှု ၂မှု၊စီမံကိန်းအတွက်သိမ်းမှု၂မှု၊ ရဲဘော်ဟောင်း သိမ်းမှု ၁မှု၊ကျေးရွာ မြေ/စီ ဆ့ုးဖြတ်ချက်ကို မနာခံမှု ၁မှု တွေ့ရှိခဲ့ရသည်ဟုလည်း လယ်ယာစီးပွားနှင့် တောင်သူ လယ်သမားရေး ရာဌာနမှ ဒု တာဝန်ခံ ဦးမျိုးသန့်က ဆိုသည်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း၊  လယ်ယာစီးပွားနှင့် တောင်သူလယ်သမား ရေးရာ ဌာနက ရခိုင်ပြည်နယ်ရှိ ဂွ၊သံတွဲ၊ တောင်ကုတ်၊ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင် ၊ကျောက်တော် ၊မြောက်ဦး၊ မင်းပြား၊ပေါက်တော မြို့နယ်များသို့ ဇွန်လ ၁၃ ရက်မှ ဇူလိုင် ၇ရက်အထိ  မြေယာပြဿနာဖြစ်ပွား သည့်နေရာများသို့ သွားရောက် ကွင်းဆင်း လေ့လာပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။  

ရခိုင်ပြည်နယ်တွင် မြေယာအများဆုံးသိမ်းခံရသည့် မြို့နယ်မှာ အမ်းမြို့နယ်ဖြစ်ပြီး သဘာ၀ ဓာတ်ငွေ့ ပိုက် လိုင်းများကြောင့် အများဆုံးသိမ်းခံရခြင်းဖြစ်သည်။ မြေယာ လျော်ကြေး အနေဖြင့်မူ ခေတ်နှင့် မလျော်ညီတော့သော ၁၈၉၄ ခုနှစ်မြေသိမ်းအက် ဥပဒေကို အသုံးပြုပြီး ကုမ္ပဏီမှ တစ်ဖက်သတ် သတ်မှတ် ထားသောလျော်ကြေးသာ ယူရသည်ဟု ကွင်းဆင်းရာ တွင်တွေ့ ရှိခဲ့ရသည်ဟုလည်း ဦးထွန်းမြင့်အောင်က ဆိုသည်။

ရခိုင်ပြည်နယ်သည်  ပြည်နယ်များတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ်အဖြစ်ရှိနေပြီး ယင်းသို့ ဖြစ်ရခြင်းမှာ လယ်ယာမြေသိမ်းခံ ရခြင်းအပြင် ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်ခြင်းမရှိ၍ ပြည်နယ်ထွက်ကုန်များကို မတင်ပို့နိုင်ခဲ့ခြင်း သည်လည်း အဓိကအကြောင်းရင်း တစ်ရပ်အဖြစ်ရှိနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း၊ လယ်ယာစီးပွားနှင့် တောင်သူလယ်သမား ရေးရာဌာနမှ ဒု-တာဝန်ခံဒေါ်နုနုအောင်က”  လယ်မြေသိမ်းခံရပြီး ကျန်တဲ့လယ်ယာမြေတွေမှာ လုပ်ကိုင်နေရတဲ့လယ်သမားတွေရဲ့ ပြဿနာ၊ ရာသီဥတုဆိုးဝါးတာ၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတာ ဒါတွေက အစိုးရ ကကိုင် တွယ်ေ ဖြရှင်းပေးရမှာပါ ဒါတွေကို မရှင်းပေးလို့ ရခိုင်ဒေသက ဒုတိယ အဆင်းရဲဆုံး ပြည်နယ် အဖြစ်ရှိနေတာပါ” ဟုဆိုသည်။

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူအဖွဲ့အစည်း) လယ်ယာစီးပွားနှင့် တောင်သူလယ်သမား ရေးရာဌာနက ပြည်နယ် ၆ခုသို့ လယ်ယာမြေကိစ္စများ လေ့လာကွင်းဆင်းခဲ့ပြီးဖြစ်ကာ သြဂုတ်လ အတွင်းတွင် ကွင်းဆင်းရန်ကျန်ရှိနေသေးသော ချင်းပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။ ယင်းခရီးစဉ်ပြီးပါက ပြည်နယ်များရှိတိုင်းရင်းသားပြည်သူများ၏ လယ်ယာမြေ ပိုင်ဆိုင်မှုဆိုင်ရာ စာတမ်းတစ်စောင်ပြုစုကာ သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေသွားမည်ဟုလည်း ဦးထွန်းမြင့်အောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly